ရုရှားနိုင်ငံ Sochi မြို့မှာ လေဆင်နှာမောင်းတွေ ၀င်ရောက်

0
215

ရုရှားနိုင်ငံ Sochi မြို့က ပင်လယ်နက်ထဲမှာ မနေ့ သြဂုတ်လ ၂၉ ရက်နေ့က  လေဆင်နှာမောင်းတွေ ၀င်ရောက်လာတာကို မြင်တွေ့နေကြရတာပါ။

Sochi မြို့ဟာ   ရုရှားနိုင်ငံမှာ ပထမဆုံး  အိုလံပစ်အား ကစား ကျင်းပခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။

ပင်လယ်နက်ထဲဆီကနေ တရွှေ့ရွှေ့လာနေတဲ့ လေဆင်နှာမောင်းအမျိုးမျိုး ၀င်ရောက်ခဲ့ပေမဲ့ ထိခိုက် သေ ဆုံးခဲ့သူတော့မရှိခဲ့ပါဘူး။

လေဆင်နှာမောင်းဖြတ်သန်းသွားလာရာလမ်းတစ်လျှောက် မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းတွေ ပိုမို တိုက်ခတ်နိုင်တဲ့အတွက် ဒေသခံတွေနဲ့ ခရီးသွား ဧည့်သည်တွေကို ရုရှား အရေးပေါ်ကယ်ဆယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက သတိပေးတားမြစ်မှုတွေပြုလုပ်ခဲ့ကြ ပါတယ်။