ရာသီဥတုအေရး လႈပ္ရွားသူ မိန္းကေလး ရြက္ေလွနဲ႔ အတၱလႏၱိတ္ သမုဒၵရာကို ျဖတ္သန္း

0
50

ကမာၻႀကီး ပူေႏြးလာမႈဆိုင္ရာ ကုလသမဂၢ ညီလာခံကို တက္ေရာက္ဖို႔အတြက္ ဆြီဒင္ႏိုင္ငံက ရာသီဥတုအေရး လႈပ္ရွားသူ အသက္ ၁၆ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးဟာ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ လုံးဝမရွိတဲ့ ႐ြက္ေလွတစ္စီးနဲ႔ အတၱလႏၲိတ္ သမုဒၵရာကို ျဖတ္သန္းၿပီး အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ပါတယ္။

ဂရီတာ သြန္းဘာ့ဂ္နဲ႔ အဲဒီ ႐ြက္ေလွအဖြဲ႔သားေတြဟာ သီတင္း ႏွစ္ပတ္ၾကာ ခရီးႏွင္ၿပီးတဲ့ေနာက္ ၾသဂုတ္လ ၂၈ ရက္ေန႔က မန္ဟက္တန္ ဆိပ္ကမ္းကို ဝင္ေရာက္လာခဲ့ၾကပါတယ္။ ေလယာဥ္စီးနင္းတာဟာ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္တယ္ဆိုၿပီး မစၥ သြန္းဘာ့ဂ္က ေနေရာင္ျခည္စြမ္းအင္သုံး ေရယာဥ္နဲ႔ သြားဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဆိပ္ကမ္းေရာက္ခ်ိန္မွာ သြန္းဘာ့သ္ကို  လူ ၂ ေထာင္ေလာက္က ႀကိဳဆိုေနခဲ့ၾကပါတယ္။ ရာသီဥတုေျပာင္းလဲမႈဟာ လူသားေတြ ႀကဳံေတြ႔ခဲ့သမွ်ထဲမွာ အႀကီးမားဆုံး ျပႆနာႀကီး ျဖစ္တယ္လို႔ မစၥ သြန္းဘာ့ဂ္က ႀကိဳဆိုေနသူေတြကို ေျပာခဲ့ပါတယ္။

ရာသီဥတုအရေး လှုပ်ရှားသူ မိန်းကလေး ရွက်လှေနဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်း

ကမ္ဘာကြီး ပူနွေးလာမှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကို တက်ရောက်ဖို့အတွက် ဆွီဒင်နိုင်ငံက ရာသီဥတုအရေး လှုပ်ရှားသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတဲ့ ရွက်လှေတစ်စီးနဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဂရီတာ သွန်းဘာ့ဂ်နဲ့ အဲဒီ ရွက်လှေအဖွဲ့သားတွေဟာ သီတင်း နှစ်ပတ်ကြာ ခရီးနှင်ပြီးတဲ့နောက် သြဂုတ်လ ၂၈ ရက်နေ့က မန်ဟက်တန် ဆိပ်ကမ်းကို ဝင်ရောက်လာခဲ့ကြပါတယ်။ လေယာဉ်စီးနင်းတာဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်တယ်ဆိုပြီး မစ္စ သွန်းဘာ့ဂ်က နေရောင်ခြည်စွမ်းအင်သုံး ရေယာဉ်နဲ့ သွားဖို့ ရွေးချယ်ခဲ့ပါတယ်။

ဆိပ်ကမ်းရောက်ချိန်မှာ သွန်းဘာ့သ်ကို လူ ၂ ထောင်လောက်က ကြိုဆိုနေခဲ့ကြပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ လူသားတွေ ကြုံတွေ့ခဲ့သမျှထဲမှာ အကြီးမားဆုံး ပြဿနာကြီး ဖြစ်တယ်လို့ မစ္စ သွန်းဘာ့ဂ်က ကြိုဆိုနေသူတွေကို ပြောခဲ့ပါတယ်။