
0
180

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး (H1N1)ရောဂါကြောင့် သေဆုံး သူ ၁၂ ဦး ရှိလာပြီး ၊ဖြစ်ပွားမှု နဲ့သေဆုံးမှုက ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ကြောင်း ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ကပြောပါတယ်။



ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားမှု နဲ့သေဆုံးမှု ရန်ကုန်တိုင်း မှာအများဆုံးဖြစ်နေ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး (H1N1)ရောဂါကြောင့် သေဆုံး သူ ၁၂ ဦး ရှိလာပြီး ၊ဖြစ်ပွားမှု နဲ့သေဆုံးမှုက ရန်ကုန်တိုငး်မှာ အများဆုံးဖြစ်ကြောင်း ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ကပြောပါတယ်။

ဇွန်လ ၂၇ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာသီ တုပ်ကွေးရောဂါသံသယလူနာ ၂၃၄ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့သည့် အနက် ပိုးတွေ့လူနာ ၅၆ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ကျန်းမာရေးအသိပညာမြှင့် တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက ပြောပါတယ်။

ရောဂါဖြစ်ပွားမှု နဲ့ သေဆုံးမှုအများဆုံးဟာ ရန် ကုန်တိုင်းဖြစ်ပြီး သေဆုံးသူ တွေဟာ အသက်အရွယ်ငယ် လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ ဖြစ်ပြီး၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နဲ့ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိ သူတွေဖြစ်ပါတယ်။