ရာသီတုပ္ေကြး ေရာဂါ ကာကြယ္ေဆး ထုိးႏွံသူေတြ မ်ားျပားလာတာေၾကာင့္ ပုဂၢလိ ေဆး႐ံုတခ်ိဳ႕မွာ ေဆးျပတ္လပ္

0
136

ရာသီတုပ္ေကြးတစ္မ်ဳိး ျဖစ္တဲ့  H1N1 ေရာဂါ ျဖစ္ပြားမႈ ကာကြယ္နုိင္ဖုိ႔ ေဆးထုိးနွံသူေတြ  ေစ်းကြက္အတြင္း ကာကြယ္ေဆး ျပတ္လတ္မႈေတြနဲ႔ ႀကံဳေတြ႔ေနရေၾကာင္း ပုဂၢလိက ေဆး႐ံုေတြမွာ သြားေရာက္  ကာကြယ္ ေဆးထုိးသူေတြက ေျပာပါတယ္။

လက္ရွိမွာ ကာကြယ္ေဆးေတြကုိ တစ္ႏွစ္တစ္ႀကိမ္ၾကာထုတ္လုပ္ရတာ ျဖစ္ၿပီး က်န္ရွိေဆးေတြကုိလည္း ျပန္လည္အသုံးျပဳလုိ႔မရတဲ့အတြက္ ေစ်းကြက္အတြင္းေဆးျပတ္လတ္မႈနဲ႔ ႀကံဳေတြ႔ေနၾကရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကာကြယ္ေဆးထုိးၾကသူေတြက မ်ားျပားလာတာေၾကာင့္ ေစ်းကြက္အတြင္း၀ယ္လုိအားျမင့္တက္လာၿပီး ကေလးသူငယ္ေတြ အတြက္ကာကြယ္ေဆးကုိ ေျခာက္လကေန သုံးႏွစ္အထိကာကြယ္ေဆး အပါအ၀င္ သုံးႏွစ္ကေန လူႀကီးအထိကာကြယ္ေဆးရွိၿပီး ကေလးငယ္ေတြအတြက္ကာကြယ္ေဆးလုံေလာက္မႈရွိေပမယ့္  လူႀကီးေတြအတြက္ကာကြယ္ေဆး ျပတ္လပ္မႈေတြနဲ႔ ႀကံဳေတြ႕ေနရတာလည္း ျဖစ္ပါတယ္။

လက္ရွိမွာ တုပ္ေကြးဆန္တဲ့ ေရာဂါလကၡဏာ ျဖစ္ပြားမႈ ေစာင့္ၾကပ္ၾကည္႔ရႈေရးလုပ္ငန္းေတြကုိ ၂၀၁၇ခုႏွစ္ ကစၿပီး ေဆးရုံႀကီး ရွစ္ရုံ မွာေဆာင္ရြက္ခဲ့ေၾကာင္းနဲ႔ အခုႏွစ္အတြင္း ေျမာက္ဥကၠလာပ ေဆးရုံ၊ အင္းစိန္ေဆးရုံႀကီး ၊လႈိင္သာယာ ေဆးရုံႀကီး နဲ႔ တုိင္းေဒသႀကီး ျပည္နယ္အဆင့္ ေဆးရုံႀကီး စုစုေပါင္း ၁၅ ခုမွာ ထပ္မံတုိးခ်ဲ႕ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန က ေျပာပါတယ္ ။

ရာသီတုပ်ကွေး ရောဂါ ကာကွယ်ဆေးထိုးနှံသူတွေ များပြားလာတာကြောင့် ပုဂ္ဂလိ ဆေးရုံတချို့မှာ ဆေးပြတ်လပ်

ရာသီတုပ်ကွေးတစ်မျိုး ဖြစ်တဲ့ H1N1 ရောဂါ ဖြစ်ပွားမှု ကာကွယ်နိုင်ဖို့ ဆေးထိုးနှံသူတွေ ဈေးကွက်အတွင်း ကာကွယ်ဆေး ပြတ်လတ်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း ပုဂ္ဂလိက ဆေးရုံတွေမှာ သွားရောက် ကာကွယ် ဆေးထိုးသူတွေက ပြောပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးတွေကို တစ်နှစ်တစ်ကြိမ်ကြာထုတ်လုပ်ရတာ ဖြစ်ပြီး ကျန်ရှိဆေးတွေကိုလည်း ပြန်လည်အသုံးပြုလို့မရတဲ့အတွက် ဈေးကွက်အတွင်းဆေးပြတ်လတ်မှုနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးကြသူတွေက များပြားလာတာကြောင့် ဈေးကွက်အတွင်းဝယ်လိုအားမြင့်တက်လာပြီး ကလေးသူငယ်တွေ အတွက်ကာကွယ်ဆေးကို ခြောက်လကနေ သုံးနှစ်အထိကာကွယ်ဆေး အပါအဝင် သုံးနှစ်ကနေ လူကြီးအထိကာကွယ်ဆေးရှိပြီး ကလေးငယ်တွေအတွက်ကာကွယ်ဆေးလုံလောက်မှုရှိပေမယ့် လူကြီးတွေအတွက်ကာကွယ်ဆေး ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းတွေကို ၂၀၁၇ခုနှစ် ကစပြီး ဆေးရုံကြီး ရှစ်ရုံ မှာဆောင်ရွက်ခဲ့ကြောင်းနဲ့ အခုနှစ်အတွင်း မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံကြီး ၊လှိုင်သာယာ ဆေးရုံကြီး နဲ့ တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆေးရုံကြီး စုစုပေါင်း ၁၅ ခုမှာ ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ပြောပါတယ် ။