
0
18





ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၆၃ ဦးရှိH1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၆၃ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုလက်ရှိ ရန်ကုန်တိုင်း ဒေသကြီးမှာ သေဆုံးသူ ၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၄ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဦးနဲ့ မကွေးတိုင်းဒေသကြီးမှာ ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် H1N1 ရာသီတုပ်ကွေးနဲ့ သံသယရှိသူတွေကို စောင့်ကြည့် ကုသပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

H1N1 ရာသီတုပ်ကွေးနဲ့ သံသယရှိသူ ၇၆၃ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်ခံရသူ ၃၂၉ ဦးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။