ရာသီတုပ္ေကြးေရာဂါ ဆန္းစစ္သုံးသပ္မႈနဲ႔ တုံ႔ျပန္ေဆာင္ ႐ြက္မႈလုပ္ငန္းေတြ ထိထိေရာက္ေရာက္ လုပ္ဖို႔ က်န္းမာေရးဝန္ႀကီး တိုက္တြန္း

0
74

ရာသီတုပ္ေကြး ေရာဂါျဖစ္ပြားမႈေၾကာင့္ ေသဆုံးသူ ၇၂ ဦးရွိလာတဲ႔အတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္ အလိုက္ ျဖစ္ပြားသူ အေရအတြက္ေတြကို စာရင္းဇယားျပဳစုၿပီး၊ ဆန္းစစ္သုံးသပ္မႈေတြ ျပဳလုပ္ကာ ေရာဂါကာကြယ္ႏွိမ္နင္းေရး လုပ္ငန္းေတြကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ၾကဖို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက တိုက္တြန္း လိုက္ပါတယ္။

ဇူလိုင္လ ၂၆ ရက္ေန႔က ေနျပည္ေတာ္ရွိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရုံးခန္းမမွာ ရာသီတုပ္ေကြးေရာဂါ ေစာင့္ၾကပ္ၾကည့္႐ႈျခင္းနဲ႔ ကာကြယ္ ထိန္းခ်ဳပ္ျခင္း လုပ္ငန္းမ်ား ၫွိႏႈိင္းအစည္းအေဝး ျပဳလုပ္ခဲ႔တာပါ။

ရာသီတုပ္ေကြး ေရာဂါျဖစ္ပြားမႈနဲ႔ ေသဆုံးမႈ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဇန္နဝါရီလ ၁ ရက္ေန႔မွ ဇူလိုင္လ ၂၅ ရက္ေန႔အထိ ဓါတ္ခြဲစစ္ေဆးသူ ၉၀၈ ဦးမွာ ရာသီတုပ္ေကြး ေရာဂါပိုးေတြ႔ ရွိလူနာ ၃၈၉ ဦးနဲ႔ ရာသီတုပ္ေကြးေရာဂါနဲ႔ ဆက္စပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၇၂ ဦးရွိေၾကာင္း၊ ေသဆုံးသူေတြရဲ႕ ၈၀ ဒသမ ၆ ရာခိုင္ႏႈန္းျဖစ္တဲ႔ ၅၈ ဦးမွာ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ အသက္႐ႈ လမ္းေၾကာင္းေရာဂါ၊ ေမြးရာပါေရာဂါလကၡဏာစု၊ ကင္ဆာေရာဂါနဲ႔ အျခားကိုယ္ခံအား က်ဆင္းသည့္ေရာဂါေတြ အစရွိတဲ႔ နာတာရွည္ေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။

ရာသီတုပ်ကွေးရောဂါ ဆန်းစစ်သုံးသပ်မှုနဲ့ တုံ့ပြန်ဆောင် ရွက်မှုလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဖို့ ကျန်းမာရေးဝန်ကြီး တိုက်တွန်း

ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၂ ဦးရှိလာတဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ဖြစ်ပွားသူ အရေအတွက်တွေကို စာရင်းဇယားပြုစုပြီး၊ ဆန်းစစ်သုံးသပ်မှုတွေ ပြုလုပ်ကာ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်း လိုက်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးခန်းမမှာ ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တာပါ။

ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ဓါတ်ခွဲစစ်ဆေးသူ ၉၀၈ ဦးမှာ ရာသီတုပ်ကွေး ရောဂါပိုးတွေ့ ရှိလူနာ ၃၈၉ ဦးနဲ့ ရာသီတုပ်ကွေးရောဂါနဲ့ ဆက်စပ်ရောဂါကြောင့် သေဆုံးသူ ၇၂ ဦးရှိကြောင်း၊ သေဆုံးသူတွေရဲ့ ၈၀ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၅၈ ဦးမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှု လမ်းကြောင်းရောဂါ၊ မွေးရာပါရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနဲ့ အခြားကိုယ်ခံအား ကျဆင်းသည့်ရောဂါတွေ အစရှိတဲ့ နာတာရှည်ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။