ရာနဲ႔ခ်ီတဲ့ ဘာသာေရး စာသင္ေက်ာင္းေတြကို ပါကစၥတန္အစိုးရ ထိန္းခ်ဳပ္

0
200

ပါကစၥတန္ အစိုးရဟာ အစၥလာမ္ စစ္ေသြးၾကြေတြကို ၿဖိဳခြင္းမႈေတြ စတင္လုပ္ခဲ့ၿပီးေနာက္ ႏုိင္ငံအတြင္းရွိ ဘာသာေရး စာသင္ေက်ာင္း ၁၈၂ ေက်ာင္းကို ထိန္းခ်ဳပ္လိုက္ေၾကာင္း ေၾကညာလိုက္ပါတယ္။

ဒါ့အျပင္ ပိတ္ပင္ထားတဲ့ အစၥာလမ္ စစ္ေသြးၾကြအုပ္စုေတြနဲ႔ ဆက္စပ္မႈရွိတဲ့ လူေပါင္း ၁၀၀ ေက်ာ္ကိုလည္း ထိန္းသိမ္းထားတယ္လို႔ ပါကစၥတန္အစိုးရက ေျပာပါတယ္။ ပါကစၥတန္ႏိုင္ငံအတြင္း ပိတ္ပင္ထားတဲ့   ဘာသာေရး အစြန္းေရာက္ အုပ္စုေတြကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈမ်ိဳး ၿပီးခဲ့တဲ့ႏွစ္ေတြက လုပ္ခဲ့ဖူးပါတယ္။

အိႏၵိယႏိုင္ငံပိုင္ ကက္ရွ္မီးယားေဒသမွာ အိႏၵိယတပ္ဖြဲ႔ဝင္ ၄၀ ေက်ာ္ ေသဆံုးေစခဲ့တဲ့ အၾကမ္းဖက္တုိက္ခုိက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ပါကစၥတန္အစိုးရဟာ ႏိုင္ငံတကာရဲ႕ ဖိအားေပးမႈေတြ ရင္ဆုိင္ေနရပါတယ္။ ႏိုင္ငံတကာရဲ႕ ဖိအားေတြကို ေျဖေလွ်ာ့ႏုိင္ဖုိ႔ ပါကစၥတန္အစိုးရက ႏုိင္ငံတြင္းရွိ စစ္ေသြးၾကြအုပ္စုေတြနဲ႔ ဘာသာေရး အစြန္းေရာက္ အုပ္စုေတြကို ဖမ္ဆီးထိန္းသိမ္းတာေတြ လုပ္လာတာလည္း ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရာနဲ့ချီတဲ့ ဘာသာရေး စာသင်ကျောင်းတွေကို ပါကစ္စတန်အစိုးရ ထိန်းချုပ်

ပါကစ္စတန် အစိုးရဟာ အစ္စလာမ် စစ်သွေးကြွတွေကို ဖြိုခွင်းမှုတွေ စတင်လုပ်ခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ဘာသာရေး စာသင်ကျောင်း ၁၈၂ ကျောင်းကို ထိန်းချုပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ပိတ်ပင်ထားတဲ့ အစ္စာလမ် စစ်သွေးကြွအုပ်စုတွေနဲ့ ဆက်စပ်မှုရှိတဲ့ လူပေါင်း ၁၀ဝ ကျော်ကိုလည်း ထိန်းသိမ်းထားတယ်လို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်း ပိတ်ပင်ထားတဲ့   ဘာသာရေး အစွန်းရောက် အုပ်စုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမျိုး ပြီးခဲ့တဲ့နှစ်တွေက လုပ်ခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံပိုင် ကက်ရှ်မီးယားဒေသမှာ အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်အစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာရဲ့ ဖိအားတွေကို ဖြေလျှော့နိုင်ဖို့ ပါကစ္စတန်အစိုးရက နိုင်ငံတွင်းရှိ စစ်သွေးကြွအုပ်စုတွေနဲ့ ဘာသာရေး အစွန်းရောက် အုပ်စုတွေကို ဖမ်ဆီးထိန်းသိမ်းတာတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။