
0
48




ရာဇာအောင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၃ ဦးသေ ၂၈ ဦးဒဏ်ရာရ

နေပြည်တော်- ရန်ကုန် လမ်း မိုင်တိုင် အမှတ် ၁၆/၆-၁၆/ရ အကြားမှာ

ဟင်္သာတ-မန္တလေးကို ပြေးဆွဲတဲ့ ရာဇာအောင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၃ ဦးသေ ၂၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။


စက်တင်ဘာလ ၉ ရက်နေ့ မနက် ၃ နာရီ အချိန်က ယာဉ်မောင်းတင်ထွန်းဦး (၄၅) နှစ် မောင်းနှင်လာတဲ့ ခရီးသည် ကျား၊ မ ၄၅ ဦး တင်ဆောင်လာတဲ့ ရာဇာအောင် ခရီးသည်တင်ယာဉ် ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။