ရဟတ္ယာဥ္နဲ႔ ေထာင္ေဖာက္ေျပးတဲ့ လူဆိုးကို ပါရီၿမိဳ႕ေျမာက္ပိုင္းမွာ ဖမ္းမိ

0
921

ျပင္သစ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ဇူလိုင္လက ရဟတ္ယာဥ္သံုးၿပီး ေထာင္ထဲကေန ထြက္ေျပးခဲ့တဲ့ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားသူ ရီဒိုအင္ ဖိတ္ဒ္ကို ပါရီၿမိဳ႕ေျမာက္ပိုင္းမွာ ျပန္လည္ ဖမ္းဆီးရမိခဲ့ပါတယ္။

ဖိတ္ဒ္ကို ဒီေန႔ ေအာက္တိုဘာ ၃ ရက္ေန႔ အေစာပိုင္းမွာ သူ႔ရဲ႕ ညီ၊ တျခား အမ်ိဳးသား ႏွစ္ဦး၊ အမ်ိဳးသမီး တစ္ဦးတို႔နဲ႔အတူ ဖမ္းမိတာ ျဖစ္တယ္လို႔ ျပင္သစ္ရဲက အတည္ျပဳပါတယ္။ အသက္ ၄၆ ႏွစ္အရြယ္ရွိ ဖိတ္ဒ္ဟာ ျပင္သစ္ႏိုင္ငံမွာ အလိုအရွိဆံုးသူျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္က မေအာင္ျမင္တဲ့ ဓားျပတိုက္မႈမွာ ျပင္သစ္ရဲအရာရွိကို သတ္မႈနဲ႔ ေထာင္ဒဏ္ ၂၅ ႏွစ္ ခ်မွတ္ခံထားရသူ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လမွာ လက္နက္အျပည့္အစံု တပ္ဆင္ထားတဲ့ လူေတြက ရဟတ္ယာဥ္ကို ျပန္ေပးဆြဲၿပီး ပါရီၿမိဳ႕အနီးရွိ စိန္းအက္မာနီ ေထာင္ကေန ဖိတ္ဒ္ကို ကယ္ထုတ္သြားခဲ့လို႔ ျပင္သစ္ရဲေတြ အႀကီးအက်ယ္ အရွက္ရခဲ့ပါတယ္။ ဖိတ္ဒ္ဟာ လြန္ခဲ့တဲ့ ငါးႏွစ္ကလည္း ပထမဆံုးတစ္ႀကိမ္ ေထာင္ေဖာက္ ေျပးဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဟတ်ယာဉ်နဲ့ ထောင်ဖောက်ပြေးတဲ့ လူဆိုးကို ပါရီမြို့မြောက်ပိုင်းမှာ ဖမ်းမိ

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လက ရဟတ်ယာဉ်သုံးပြီး ထောင်ထဲကနေ ထွက်ပြေးခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ ရီဒိုအင် ဖိတ်ဒ်ကို ပါရီမြို့မြောက်ပိုင်းမှာ ပြန်လည် ဖမ်းဆီးရမိခဲ့ပါတယ်။

ဖိတ်ဒ်ကို ဒီနေ့ အောက်တိုဘာ ၃ ရက်နေ့ အစောပိုင်းမှာ သူ့ရဲ့ ညီ၊ တခြား အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦးတို့နဲ့အတူ ဖမ်းမိတာ ဖြစ်တယ်လို့ ပြင်သစ်ရဲက အတည်ပြုပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိ ဖိတ်ဒ်ဟာ ပြင်သစ်နိုင်ငံမှာ အလိုအရှိဆုံးသူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က မအောင်မြင်တဲ့ ဓားပြတိုက်မှုမှာ ပြင်သစ်ရဲအရာရှိကို သတ်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ လူတွေက ရဟတ်ယာဉ်ကို ပြန်ပေးဆွဲပြီး ပါရီမြို့အနီးရှိ စိန်းအက်မာနီ ထောင်ကနေ ဖိတ်ဒ်ကို ကယ်ထုတ်သွားခဲ့လို့ ပြင်သစ်ရဲတွေ အကြီးအကျယ် အရှက်ရခဲ့ပါတယ်။ ဖိတ်ဒ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ပထမဆုံးတစ်ကြိမ် ထောင်ဖောက် ပြေးဖူးပါတယ်။