ရပ္ကြက္၊ ေက်းရြာေတြမွာ AA လက္နက္ကိုင္အဖြဲ႔ကို လက္မခံၾကဖို႔ တပ္မေတာ္ ထုတ္ျပန္

0
369

တပ္မေတာ္လုံၿခဳံေရး စစ္ေၾကာင္းေတြကို AA လက္နက္ကိုင္အဖြဲ႔ေတြက ရပ္ကြက္၊ ေက်းရြာေတြကို အသုံးျပဳ အကာအကြယ္ရယူၿပီး၊ မုိင္းေထာင္၊ မုိင္းဆြဲတုိက္ခုိက္တာေတြ၊ ေခ်ာင္းေျမာင္း ပစ္ခတ္တာေတြ ျပဳလုပ္ေနတဲ႔အတြက္ မလုိလားအပ္တဲ႔ ထိခိုက္ဆုံး႐ႈံးမႈေတြ ႐ွိလာတာေၾကာင့္ ရပ္ကြက္၊ ေက်းရြာေတြမွာ AA လက္နက္ကိုင္အဖြဲ႔ကို လက္မခံၾကဖို႔ တပ္မေတာ္က မတ္လ ၂၂ ရက္ေန႔က ထုတ္ျပန္ ေၾကညာထားပါတယ္။

အဲဒီ ထုတ္ျပန္ခ်က္မွာ မတ္လ ၂၁ ရက္ေန႔က ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းကို AA လက္နက္ကိုင္အဖြဲ႔က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တုိ က္ခိုက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

AA လက္နက္ကိုင္ အဖြဲ႔ေတြကို လက္မခံၾကဖို႔နဲ႔ ၿမိဳ႕၊ ရပ္ကြက္နဲ႔ ေက်းရြာေတြမွာ ဝင္ေရာက္လာပါက သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရး အဖြဲ႔အစည္းေတြနဲ႔ လုံၿခံဳေရး အဖြဲ႔အစည္းေတြကို သတင္းေပးပုိ႔ၾကဖို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရပ်ကွက်၊ ကျေးရွာတွေမှာ AA လက်နက်ကိုင်အဖွဲ့ကို လက်မခံကြဖို့ တပ်မတော် ထုတ်ပြန်

တပ်မတော်လုံခြုံရေး စစ်ကြောင်းတွေကို AA လက်နက်ကိုင်အဖွဲ့တွေက ရပ်ကွက်၊ ကျေးရွာတွေကို အသုံးပြု အကာအကွယ်ရယူပြီး၊ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ချောင်းမြောင်း ပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာတာကြောင့် ရပ်ကွက်၊ ကျေးရွာတွေမှာ AA လက်နက်ကိုင်အဖွဲ့ကို လက်မခံကြဖို့ တပ်မတော်က မတ်လ ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာ မတ်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းကို AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တို က်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

AA လက်နက်ကိုင် အဖွဲ့တွေကို လက်မခံကြဖို့နဲ့ မြို့၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဝင်ရောက်လာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို သတင်းပေးပို့ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။