ရပုိင္ခြင့္ေတြကို မေတာင္းဆိုပဲ လမ္းေပၚထြက္ဆႏၵျပမႈကို အဖြဲ႔အစည္း ၁၃ ဖြဲ႔ ႐ႈတ္ခ်

0
36

တည္ၿမဲအမိန္႔အတိုင္း ရပိုင္ခြင့္ေတြကို မေတာင္းဆိုဘဲ လမ္းေပၚထြက္ဆႏၵျပမႈေတြေၾကာင့္ လုပ္ငန္းခြင္ တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစတဲ့အတြက္ အဖြဲ႕ ၁၃ ဖြဲ႕ကရႈတ္ခ်ရတာျဖစ္တယ္လို႔ ကုန္တင္ကုန္ခ် အလုပ္သမား အဖြဲ႕အစည္းေတြ ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးက ေပးပို႔ထား ပါတယ္။

အလုပ္ျပန္လည္ရရွိေရးနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ အစိုးရထံ တင္ျပေတာင္းဆိုခဲ့တာေၾကာင့္ တျခားဌာနခြဲေတြမွာ  ေနရာခ်ထားေပးတဲ့ အေပၚ ငါးေတာင္းဌာနခြဲက အလုပ္သမားေတြက မေက်နပ္လို႔ ထပ္မံ ဆႏၵျပ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကုန္တင္ကုန္ခ်မွာျပဌာန္းထားတဲ့ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ အညီရပိုင္ခြင့္ေတြကိုမေတာင္း ဆိုဘဲ လမ္းေပၚထြက္ ဆႏၵျပမႈေတြေၾကာင့္ လုပ္ငန္းခြင္တည္ၿငိမ္ေအးခ်မ္းေရးကိုပ်က္ျပားေစတဲ့အတြက္ အေျခခ ံအလုပ္သမားအဖြဲ႕အစည္း ၁၃ ဖြဲ႕က  ရႈတ္ခ်ခဲ့တာ ျဖစ္ပါတယ္ ။

Soundbite; ဦးေက်ာ္ေဇယ်(အတြင္းေရးမွဴး)

           ေခ်ာင္း၀ဌာနခြဲ၊ အလုပ္သမားသမဂၢ

ဒါ့အျပင္ လုပ္သားသစ္ခန္႔ထားေရး ကိစၥနဲ႔ပတ္သက္ၿပီး တံစိုးလက္ေဆာင္ယူသူေတြကိုေဖာ္ထုတ္အေရး ယူေပးဖို႔ေတာင္းဆိုထားေပမယ့္  ခိုင္လံုတဲ့အေထာက္အထားမျပႏိုင္ဘဲ ေတာင္းဆိုေနတာဟာ လက္ခံႏိုင္စရာ မရွိတာေၾကာင့္ က်န္အလုပ္သမားအဖြဲ႕အစည္းေတြက ကန္႔ကြက္ရႈတ္ခ်ရ တာျဖစ္တယ္လို႔ ေျပာပါတယ္ ။

Soundbite ;ဦးက်င္သိန္း(ဥကၠ႒)

လိႈင္ၿမိဳ႕နယ္၊ၿမိဳ႕နယ္ကုန္တင္ကုန္ခ်အလုပ္သမားအဖြဲ႕အစည္း

ဒီရႈတ္ခ်ပြဲမွာ ၿမိဳ႕နယ္အလုပ္သမားအဖြဲ႕အစည္း ၃ ဖြဲ႕နဲ႔အေျခခံအဆင့္ အလုပ္သမားအဖြဲ႕အစည္း ၁၀ ဖြဲ႕ စုစုေပါင္း ၁၃ ဖြဲ႕က ငါးေတာင္းအေျခခံအလုပ္သမားအဖြဲ႕အစည္း ၂ ဖြဲ႕ ရဲ႕လုပ္ရက္အေပၚ ရႈတ္ခ် ေၾကာင္း သတင္းစာရွင္းလင္းပြဲျပဳ လုပ္ခဲ့တာ ျဖစ္ပါတယ္ရွင္။

တည်မြဲအမိန့်အတိုင်း ရပိုင်ခွင့်တွေကို မတောင်းဆိုဘဲ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကြောင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့အတွက် အဖွဲ့ ၁၃ ဖွဲ့ကရှုတ်ချရတာဖြစ်တယ်လို့ ကုန်တင်ကုန်ချ အလုပ်သမား အဖွဲ့အစည်းတွေ ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးက ပေးပို့ထား ပါတယ်။

အလုပ်ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရထံ တင်ပြတောင်းဆိုခဲ့တာကြောင့် တခြားဌာနခွဲတွေမှာ နေရာချထားပေးတဲ့ အပေါ် ငါးတောင်းဌာနခွဲက အလုပ်သမားတွေက မကျေနပ်လို့ ထပ်မံ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကုန်တင်ကုန်ချမှာပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီရပိုင်ခွင့်တွေကိုမတောင်း ဆိုဘဲ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကြောင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေတဲ့အတွက် အခြေခ ံအလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့က ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

Soundbite; ဦးကျော်ဇေယျ(အတွင်းရေးမှူး)
ချောင်းဝဌာနခွဲ၊ အလုပ်သမားသမဂ္ဂ

ဒါ့အပြင် လုပ်သားသစ်ခန့်ထားရေး ကိစ္စနဲ့ပတ်သက်ပြီး တံစိုးလက်ဆောင်ယူသူတွေကိုဖော်ထုတ်အရေး ယူပေးဖို့တောင်းဆိုထားပေမယ့် ခိုင်လုံတဲ့အထောက်အထားမပြနိုင်ဘဲ တောင်းဆိုနေတာဟာ လက်ခံနိုင်စရာ မရှိတာကြောင့် ကျန်အလုပ်သမားအဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချရ တာဖြစ်တယ်လို့ ပြောပါတယ်။

Soundbite ;ဦးကျင်သိန်း(ဥက္ကဋ္ဌ)
လှိုင်မြို့နယ်၊မြို့နယ်ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့အစည်း

ဒီရှုတ်ချပွဲမှာ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၃ ဖွဲ့နဲ့အခြေခံအဆင့် အလုပ်သမားအဖွဲ့အစည်း ၁၀ ဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့က ငါးတောင်းအခြေခံအလုပ်သမားအဖွဲ့အစည်း ၂ ဖွဲ့ ရဲ့လုပ်ရက်အပေါ် ရှုတ်ချ ကြောင်း သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့တာ ဖြစ်ပါတယ်ရှင်။