ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ မီးေဘးလံုၿခံဳေရး ဇာတ္တိုက္ ေလ့က်င့္မယ္

0
416

ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ မီးေဘးလံုၿခံဳေရး ဇာတ္တိုက္ေလ့က်င့္မွာ ျဖစ္တာေၾကာင့္ ခရီးသည္ေတြ ထိတ္လန္႔မႈ မရွိေစဖို႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

မီးေဘးအႏၱရာယ္အတြက္ ဇာတ္တိုက္ေလ့က်င့္မႈကို ေလဆိပ္ Terminal 1 ေျမေအာက္ထပ္မွာ မနက္ျဖန္ မတ္လ ၂၂ ရက္ ေန႔လည္ပုိင္းမွာ ျပဳလုပ္မွာျဖစ္ၿပီး အဲဒီလုိ ေလ့က်င့္ခ်ိန္မွာလည္း မီးေတာက္၊ မီးခိုးေတြနဲ႔ အေရးေပၚ အခ်က္ေပးသံေတြ ပါဝင္မွာျဖစ္တာေၾကာင့္ ခရီးသည္ေတြ အထိတ္တလန္႔ မျဖစ္ေစဖို႔ ႀကိဳတင္ သတိေပးထားတာ ျဖစ္ပါတယ္။

အခုလုိ ဇာတ္တိုက္ေလ့က်င့္ေနတဲ့ အခ်ိန္အတြင္း ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ရဲ့ ဝန္ေဆာင္မႈ လုပ္ငန္းေတြက ပံုမွန္လည္ပတ္ေနမွာျဖစ္ၿပီး အေရးေပၚ အေျခအေနေတြ ျဖစ္ေပၚလာတဲ့အခါ ႀကိဳတင္ေဆာင္ရြက္ရမယ့္ နည္းလမ္းေတြကုိ သိရွိေစဖို႔ ရည္ရြယ္လုပ္ေဆာင္တာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မယ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှာ ဖြစ်တာကြောင့် ခရီးသည်တွေ ထိတ်လန့်မှု မရှိစေဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မီးဘေးအန္တရာယ်အတွက် ဇာတ်တိုက်လေ့ကျင့်မှုကို လေဆိပ် Terminal 1 မြေအောက်ထပ်မှာ မနက်ဖြန် မတ်လ ၂၂ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီလို လေ့ကျင့်ချိန်မှာလည်း မီးတောက်၊ မီးခိုးတွေနဲ့ အရေးပေါ် အချက်ပေးသံတွေ ပါဝင်မှာဖြစ်တာကြောင့် ခရီးသည်တွေ အထိတ်တလန့် မဖြစ်စေဖို့ ကြိုတင် သတိပေးထားတာ ဖြစ်ပါတယ်။

အခုလို ဇာတ်တိုက်လေ့ကျင့်နေတဲ့ အချိန်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက ပုံမှန်လည်ပတ်နေမှာဖြစ်ပြီး အရေးပေါ် အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါ ကြိုတင်ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို သိရှိစေဖို့ ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။