ရန္ကုန္ၿမိဳ႕မွာ ေဆးလိပ္မေသာက္ရေနရာ သတ္မွတ္လုပ္ေဆာင္ရာ ေအာင္ျမင္

0
264

ရန္ကုန္ၿမိဳ႕ ေနရာတခ်ိဳ႕မွာ ေဆးလိပ္မေသာက္ရ ေနရာအျဖစ္  ေက်ာက္တံတား ၿမိဳ႕နယ္မွာ သတ္မွတ္ လုပ္ေဆာင္ရာ ေအာင္ျမင္မႈေတြ ရရွိတဲ့အတြက္ ရန္ကုန္ၿမိဳ႕တြင္းရွိ က်န္တဲ့ ၿမိဳ႕နယ္ေတြမွာလည္း ဆက္လက္ ေဆာင္ရြက္ဖို႔ ျပည္သူ႔က်န္းမာေရး ေဖာင္ေဒးရွင္းက လုပ္ေဆာင္ေနပါတယ္။

က်ေရာက္တဲ့ ကမာၻ႔ေဆးလိပ္ မေသာက္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကို ေမလ ၂၉ ရက္မွာ ရန္ကုန္ၿမိဳ႕ရွိ ေတာ္ဝင္ဂါးဒင္းမွာ “အဆုတ္က်န္းမာေအာင္ ေဆးလိပ္ႏွင့္ ကြမ္းယာေရွာင္” ေခါင္းစဥ္နဲ႔  က်င္းပခဲ့ပါတယ္။ ႏွစ္စဥ္ ေမလ ၃၁ ရက္ေန႔ကို ကမာၻ႔ေဆးလိပ္ မေသာက္ေရးေန႔အျဖစ္ ၁၉၈၉ ခုႏွစ္ကတည္းက သတ္မွတ္ၿပီး ေဆာင္ပုဒ္ေတြ ေဖာ္ထုတ္ လံႈ႔ေဆာ္ခဲ့တာ ႏွစ္ ၃၀ ၾကာခဲ့ၿပီ ျဖစ္ပါတယ္။

အခမ္းအနားမွာ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ဌာေနကိုယ္စားလွယ္ ေဒါက္တာ စတီဖင္ ဂ်ိဳ႕စ္က ကမာၻ႔က်န္းမာေရးနဲ႔ ပတ္သက္လို႔ WHO က ေဆာင္ရြက္ေနမႈ၊ ရန္ကုန္ၿမိဳ႕မွာ အမ်ားျပည္သူ သြားလာရာ ေနရာတခ်ိဳ႕မွာ ေဆးလိပ္မေသာက္ရ ေနရာအျဖစ္ သတ္မွတ္လုပ္ေဆာင္မႈ ေအာင္ျမင္တာေတြကို ေဆြးေႏြးခဲ့ပါတယ္။

ရန်ကုန်မြို့မှာ ဆေးလိပ်မသောက်ရနေရာ သတ်မှတ်လုပ်ဆောင်ရာ အောင်မြင်

ရန်ကုန်မြို့ နေရာတချို့မှာ ဆေးလိပ်မသောက်ရ နေရာအဖြစ် ကျောက်တံတား မြို့နယ်မှာ သတ်မှတ် လုပ်ဆောင်ရာ အောင်မြင်မှုတွေ ရရှိတဲ့အတွက် ရန်ကုန်မြို့တွင်းရှိ ကျန်တဲ့ မြို့နယ်တွေမှာလည်း ဆက်လက် ဆောင်ရွက်ဖို့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက လုပ်ဆောင်နေပါတယ်။

ကျရောက်တဲ့ ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ ၂၉ ရက်မှာ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းမှာ “အဆုတ်ကျန်းမာအောင် ဆေးလိပ်နှင့် ကွမ်းယာရှောင်” ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့အဖြစ် ၁၉၈၉ ခုနှစ်ကတည်းက သတ်မှတ်ပြီး ဆောင်ပုဒ်တွေ ဖော်ထုတ် လှုံ့ဆော်ခဲ့တာ နှစ် ၃၀ ကြာခဲ့ပြီ ဖြစ်ပါတယ်။

အခမ်းအနားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနေကိုယ်စားလှယ် ဒေါက်တာ စတီဖင် ဂျို့စ်က ကမ္ဘာ့ကျန်းမာရေးနဲ့ ပတ်သက်လို့ WHO က ဆောင်ရွက်နေမှု၊ ရန်ကုန်မြို့မှာ အများပြည်သူ သွားလာရာ နေရာတချို့မှာ ဆေးလိပ်မသောက်ရ နေရာအဖြစ် သတ်မှတ်လုပ်ဆောင်မှု အောင်မြင်တာတွေကို ဆွေးနွေးခဲ့ပါတယ်။