ရန္ကုန္ေျမပံုေရးဆြဲေရး စီမံကိန္း ၿပီးစီးၿပီ ျဖစ္တာေၾကာင့္ YCDC ကုိလႊဲေျပာင္းမယ္

0
36

ရန္ကုန္တုိင္းေဒသႀကီး ေျမပုံေရးဆြဲေရး စီမံကိန္းၿပီးစီးၿပီျဖစ္တာေၾကာင့္ အဲဒီစီမံကိန္းကုိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီကုိ လႊဲေျပာင္းေပးသြားမွာျဖစ္တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ Park Royal ဟုိတယ္မွာ က်င္းပတဲ့ ရန္ကုန္တုိင္း ေဒသႀကီး ေျမပုံေရးဆြဲေရး လုပ္ငန္းေကာ္မတီက ႀကီးမွဴးက်င္းပတဲ့ ေျမပုံေရးဆြဲေရး စီမံကိန္း ေနာက္ဆုံးအႀကိမ္ေျမာက္ ေဆြးေႏြးပြဲမွာ အခုလုိေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အဲဒီလုပ္ငန္းစဥ္ဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ရဲ႕ ဂ်ပန္ႏုိင္ငံခရီးစဥ္မွာ ဂ်ပန္၀န္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံစဥ္ ရန္ကုန္တုိင္းကုိ Mapping ေရးဆြဲေပးဖို႔အတြက္ တင္ျပခဲ့တဲ့အေပၚ ထြက္ေပၚလာတဲ့ ရလဒ္တစ္ခုလည္း ျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြက္ ေျမပုံေရးဆြဲေရးလုပ္ငန္း ေဆာင္ရြက္ေနတဲ့ ေနာက္ဆုံးအႀကိမ္ ေဆြးေႏြးပြဲ ျဖစ္သလုိ အဲဒီလုပ္ငန္းစဥ္ႀကီး အထေျမာက္ေအာင္ ၀ုိင္း၀န္းႀကိဳးပမ္းေဆာင္ရြက္ခဲ့တဲ့ သူေတြအားလုံးကုိ ေက်းဇူး တင္ေၾကာင္းကိုလည္း ၀န္ႀကီးခ်ဳပ္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ရန်ကုန်မြေပုံရေးဆွဲရေးစီမံကိန်း ပြီးစီးပြီ ဖြစ်တာကြောင့် YCDC ကိုလွှဲပြောင်းမယ်


ရန်ကုန်တိုင်းဒေသကြီး မြေပုံရေးဆွဲရေး စီမံကိန်းပြီးစီးပြီဖြစ်တာကြောင့် အဲဒီစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။


ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး မြေပုံရေးဆွဲရေး လုပ်ငန်းကော်မတီက ကြီးမှူးကျင်းပတဲ့ မြေပုံရေးဆွဲရေး စီမံကိန်း နောက်ဆုံးအကြိမ်မြောက် ဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။


အဲဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် ရန်ကုန်တိုင်းကို Mapping ရေးဆွဲပေးဖို့အတွက် တင်ပြခဲ့တဲ့အပေါ် ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွက် မြေပုံရေးဆွဲရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်သလို အဲဒီလုပ်ငန်းစဉ်ကြီး အထမြောက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူး တင်ကြောင်းကိုလည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။