ရန်ကုန်ရောက်ရခိုင်တိုင်းရင်းသား လုပ်သားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးမယ်

0
68







ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂဟာ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား လုပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်။

ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား လုပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသွားမယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ က ပြောပါတယ်။ ဒီသတင်းကိုMCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား တွေဖြစ်တဲ့ အခြေခံလူတန်းစား၊ အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့နဲ့ အကျိုး စီးပွားကို မြှင့်တင်ပေးဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံ ကပြောပါတယ်။

သြဂုတ်လ၂၁ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်မှာ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ရုံးခွဲ ဖွင့်လှစ်တဲ့ပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

Soundbite ဦးကျော်ဇံ (ဥက္ကဋ္ဌ) ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ

ရန်ကုန်ကို ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ရောက်ရှိလာတဲ့အတွက် ရခိုင်တောင်သူလယ်သမားတွေအတွက် အထောက်အကူပြုလာမှာလို့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ကပြောပါတယ်။

Soundbite ဦးဇော်အေးမောင် (ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး)

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂဟာ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသား လုပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိ်ုင်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်ရှင်။