ရန္ကုန္မွာ H1N1 ရာသီတုပ္ေကြးေၾကာင့္ ေသဆံုးသူ သံုးဦးရွိ

0
99

ရန္ကုန္တိုင္းေဒသႀကီးမွာ H1N1 ရာသီတုပ္ေကြးေၾကာင့္ ေသဆံုးသူ သံုးဦးရွိသြားၿပီလို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာန အၿမဲတမ္းအတြင္းဝန္ ေဒါက္တာ သာထြန္းေက်ာ္က ေျပာပါတယ္။

တစ္ဦးက ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးမွာ ေသဆံုးတာျဖစ္ၿပီး က်န္ႏွစ္ဦးကေတာ့ ေျမာက္ဥကၠလာပရွိ ေဆး႐ံုနဲ႔ အင္စိန္ၿမိဳ႕နယ္ရွိ ေဆး႐ံုေတြမွာ ေသဆံုးခဲ့တာလို႔ ေဒါက္တာ သာထြန္းေက်ာ္က ဆင္ဟြာ သတင္းဌာနကို ေျပာပါတယ္။ ဇြန္လ ၁၄ ရက္ေန႔ စစ္ေဆးခ်က္အရ H1N1 ရာသီတုပ္ေကြး ျဖစ္ေနသူ စုစုေပါင္း ရွစ္ဦးရွိၿပီး အခု ေသဆံုးတဲ့ သံုးဦးက အဲဒီ ရွစ္ဦးထဲမွာ ပါဝင္ပါတယ္။

ရာသီတုပ္ေကြးေရာဂါ Seasonal Influenza A(H1N1) pdm09 ေၾကာင့္ ေသဆံုးသူ ၃၆ ဦးအထိ ရွိခဲ့ေၾကာင္း ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ အေစာပိုင္းမွာ အစိုးရက တရားဝင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရန်ကုန်မှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ သုံးဦးရှိ

ရန်ကုန်တိုင်းဒေသကြီးမှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ သုံးဦးရှိသွားပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

တစ်ဦးက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ သေဆုံးတာဖြစ်ပြီး ကျန်နှစ်ဦးကတော့ မြောက်ဥက္ကလာပရှိ ဆေးရုံနဲ့ အင်စိန်မြို့နယ်ရှိ ဆေးရုံတွေမှာ သေဆုံးခဲ့တာလို့ ဒေါက်တာ သာထွန်းကျော်က ဆင်ဟွာ သတင်းဌာနကို ပြောပါတယ်။ ဇွန်လ ၁၄ ရက်နေ့ စစ်ဆေးချက်အရ H1N1 ရာသီတုပ်ကွေး ဖြစ်နေသူ စုစုပေါင်း ရှစ်ဦးရှိပြီး အခု သေဆုံးတဲ့ သုံးဦးက အဲဒီ ရှစ်ဦးထဲမှာ ပါဝင်ပါတယ်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြောင့် သေဆုံးသူ ၃၆ ဦးအထိ ရှိခဲ့ကြောင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းမှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။