ရန္ကုန္မွာ H1N1 ကူးစက္ေရာဂါ သံသယနဲ႔ တစ္ဦး ေသဆံုး

0
306

ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးမွာ ရာသီတုပ္ေကြး H1N1 ေရာဂါေၾကာင့္လို႔ သံသယရွိသူ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့ပါတယ္။

ဒီေန႔ ဇြန္လ ၁၉ ရက္ေန႔ ရန္ကုန္ျပည့္သူ႔ ေဆးရုံႀကီးမွာ ရာသီတုပ္ေကြး H1N1 ကူးစက္ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တယ္လို႔ သံသယရွိတဲ့ အမ်ဳိးသားတစ္ဦးရဲ႕ ႐ုပ္အေလာင္းကို နာေရးကူညီမႈအသင္း (ရန္ကုန္) (FFSS) ရဲ႕ နိဗၺာယာဥ္နဲ႔  ေရေဝးသုႆာန္ မီးသၿဂႋဳဟ္စက္သို႔ အခမဲ့ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း FFSS က သတင္းထုတ္ျပန္ထားပါတယ္။

ဇြန္လ ၁၄ ရက္ေန႔ကလည္း ေကာ့မွဴးၿမိဳ႕နယ္၊ ဝါးဘေလာက္ေသာက္၊ ပ်ားမြတ္ေက်းရြာမွာ ေနထိုင္တဲ့ မေအးေအးစိုး (၂၉ ႏွစ္) ဟာ A (H1N1) ေရာဂါနဲ႔ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးမွာ ေသဆံုးသြားေၾကာင္း၊ က်န္းမာေရးဝန္ထမ္းေတြ ပူးေပါင္းၿပီး ကူးစက္ေရာဂါကာကြယ္ ႏွိမ္နင္ေရး လုပ္ငန္းေတြကို လမ္းညႊန္ခ်က္အတိုင္း ေဆာင္ရြက္ေနေၾကာင္း ဇြန္လ ၁၇ ရက္ ေန႔စြဲနဲ႔ အေၾကာင္းၾကားစာ လူမႈကြန္ရက္ မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

ရာသီတုပ္ေကြးေရာဂါ Seasonal Influenza A(H1N1) pdm09 ေၾကာင့္ ေသဆံုးသူ ၃၆ ဦးအထိ ရွိခဲ့ေၾကာင္း ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ အေစာပိုင္းမွာ အစိုးရက တရားဝင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရန်ကုန်မှာ H1N1 ကူးစက်ရောဂါ သံသယနဲ့ တစ်ဦး သေဆုံး

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့်လို့ သံသယရှိသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ ရန်ကုန်ပြည့်သူ့ ဆေးရုံကြီးမှာ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) (FFSS) ရဲ့ နိဗ္ဗာယာဉ်နဲ့ ရေဝေးသုဿာန် မီးသင်္ဂြိုဟ်စက်သို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း FFSS က သတင်းထုတ်ပြန်ထားပါတယ်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြောင့် သေဆုံးသူ ၃၆ ဦးအထိ ရှိခဲ့ကြောင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းမှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။