
0
91




ရန်ကုန်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ ထောက်ခံကြိုဆိုပွဲပြုလုပ်

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ အစီရင်ခံနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လူဦးရေ နှစ်ထောင်ကျော်က ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။

၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပုဒ်မပေါင်း ၄၅၇ ခုရှိပြီး ပြင်ဆင်ရမယ့် အချက်ပေါင်း ၃၇၀ဝ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ စတဲ့ ၄၅ ဦးပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကနေ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ တက်ရောက်လာသူတွေရဲ့ ထောက်ခံလက်မှတ်တွေကိုလည်း ကောက်ယူနေတာ ဖြစ်ပါတယ်။