ရန္ကုန္တုိင္းေဒသႀကီးအတြင္းက တကၠသိုလ္ေတြမွာ က်န္းမာေရးပညာေပးစတင္လုပ္ေဆာင္

0
99

လူငယ္ေတြရဲ႕ က်န္းမာေရး တိုးတက္ေကာင္းမြန္ေစဖို႔ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက တကၠသိုလ္ေက်ာင္းေတြမွာ က်န္းမာေရးပညာေပးအစီအစဥ္ေတြကို စတင္လုပ္ေဆာင္ေနတယ္လို႔ ျမန္မာႏုိင္ငံ ဆရာ၀န္အသင္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ၿဖိဳးမင္းပိုင္က ေပးပို႔ထားပါတယ္။

က်န္းမာႀကံ့ခိုင္ေရးဟာ လူငယ္ဘ၀ကတည္း စတင္ဂ႐ုစိုက္သင့္တာေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးမွာရွိတဲ့ တကၠသိုလ္ေက်ာင္းအသီးသီးက ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ က်န္းမာေရးပညာေပးေဟာပြဲေတြ က်င္းပေပးေနတယ္လို႔ ျမန္မာႏုိင္ငံဆရာ၀န္အသင္းက ပါေမာကၡ မာမာၾကည္က ေျပာပါတယ္။

ၾသဂုတ္လ၊ ၁၆ ရက္ေန႔က ရန္ကုန္ပညာေရးတကၠသိုလ္မွာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို က်န္းမာေရးပညာေပး ေဟာပြဲက်င္းပခဲ့တာပါ။

Soundbite: ပါေမာကၡ မာမာၾကည္ ျမန္မာႏုိင္ငံဆရာ၀န္အသင္း (ဗဟို) အမႈေဆာင္ေကာ္မတီ၀င္

၂၀၁၄ ခုႏွစ္ က်န္းမာေရးဆိုင္ရာ အခ်က္အလက္ေတြအရ ျမန္မာႏုိင္ငံအတြင္း မကူးစက္ႏုိင္တဲ့ ေရာဂါေတြေၾကာင့္ အသက္ဆံုး႐ံႈးမႈအျဖစ္မ်ားတယ္လို႔ ေျပာပါတယ္။ 

ဒါ့အျပင္ ႏွလံုးေရာဂါ၊ ေလျဖတ္၊ ဆီးခ်ိဳေရာဂါ၊ အ၀လြန္ေရာဂါေတြ ေတြ႕ရၿပီး ဒီေရာဂါေတြဟာ လူေတြရဲ႕ စားေသာက္ေနထိုင္မႈအလြဲအမွားေတြေၾကာင့္ ျဖစ္ေပၚလာတာျဖစ္တယ္လို႔ ေျပာပါတယ္။ 

Soundbite: ပါေမာကၡ မာမာၾကည္ ျမန္မာႏုိင္ငံဆရာ၀န္အသင္း (ဗဟို) အမႈေဆာင္ေကာ္မတီ၀င္

ရန္ကုန္တိုင္းေဒသႀကီးက တကၠသိုလ္ေတြမွာ က်န္းမာေရးပညာေပးေဟာေျပာမႈေတြကို အခု ၾသဂုတ္လက စတင္ၿပီး စတင္လုပ္ေဆာင္ေနတာ ျဖစ္သလို တျခား တိုင္းေဒသႀကီနဲ႔ ျပည္နယ္ေတြက တကၠသိုလ္ေတြမွာ လုပ္ေဆာင္ႏုိင္ဖို႔ အခက္အခဲေတြ ရွိေပမယ့္ ေတာင္းဆိုမႈေတြရွိလာရင္ ျမန္မာႏုိင္ငံဆရာ၀န္အသင္း(ဗဟို)က ေဆြးေႏြးဆံုးျဖတ္သြားမယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

လူငယ်တွေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တက္ကသိုလ်ကျောင်းတွေမှာ ကျန်းမာရေးပညာပေးအစီအစဉ်တွေကို စတင်လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဖြိုးမင်းပိုင်က ပေးပို့ထားပါတယ်။

ကျန်းမာကြံ့ခိုင်ရေးဟာ လူငယ်ဘဝကတည်း စတင်ဂရုစိုက်သင့်တာကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ တက္ကသိုလ်ကျောင်းအသီးသီးက ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျန်းမာရေးပညာပေးဟောပွဲတွေ ကျင်းပပေးနေတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းက ပါမောက္ခ မာမာကြည်က ပြောပါတယ်။

သြဂုတ်လ၊ ၁၆ ရက်နေ့က ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို ကျန်းမာရေးပညာပေး ဟောပွဲကျင်းပခဲ့တာပါ။

Soundbite: ပါမောက္ခ မာမာကြည် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အမှုဆောင်ကော်မတီဝင်

၂၀၁၄ ခုနှစ် ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအရ မြန်မာနိုင်ငံအတွင်း မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှုံးမှုအဖြစ်များတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နှလုံးရောဂါ၊ လေဖြတ်၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါတွေ တွေ့ရပြီး ဒီရောဂါတွေဟာ လူတွေရဲ့ စားသောက်နေထိုင်မှုအလွဲအမှားတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပြောပါတယ်။

Soundbite: ပါမောက္ခ မာမာကြည် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အမှုဆောင်ကော်မတီဝင်

ရန်ကုန်တိုင်းဒေသကြီးက တက္ကသိုလ်တွေမှာ ကျန်းမာရေးပညာပေးဟောပြောမှုတွေကို အခု သြဂုတ်လက စတင်ပြီး စတင်လုပ်ဆောင်နေတာ ဖြစ်သလို တခြား တိုင်းဒေသကြီနဲ့ ပြည်နယ်တွေက တက္ကသိုလ်တွေမှာ လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ ရှိပေမယ့် တောင်းဆိုမှုတွေရှိလာရင် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)က ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်ခင်ဗျာ။