ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပိုင်းလော့ပရောဂျက်အမည်နဲ့ မှုခင်းကျဆင်းရေး သန်လျင်မြို့မှာ လုပ်ဆောင်

0
309

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရပ်ရွာအခြေပြု ရဲလုပ်ငန်းစနှစ်ကို တည်ဆောက်တဲ့ အနေနဲ့ မှုခင်းကျဆင်းရေးစီမံချက် ပိုင်းလော့ပရောဂျက်ကို စတင်လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို MCN သတင်းထောက် အောင်ဆန်းဦး က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ညက သန်လျင်မြို့နယ်အတွင်း မှုခင်းကျဆင်းရေး ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးကမှုခင်းကျဆင်းရေး တာဝန်ခံတွေနဲ့အတူ သန်လျင် မြို့နယ်က တာဝန်ရှိတွေက ပဲခူးစုရပ်ကွက်၊ အုတ်ဖိုစုရပ်ကွက်နဲ့ ဒါရ်ဂါ ရပ်ကွက်တွေမှာ ယာယီကင်းတဲများ ဆောင်ရွက်ထားတာကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့ရဲ့ရပ်ရွာအခြေပြုရဲလုပ်ငန်းစနှစ်ကို တည်ဆောက်တဲ့အနေနဲ ရန်ကုန်မြို့ လေးမြို့နယ်အတွင်းမှာစတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒီအပြင်ရဲတပ်ဖွဲ့ကနေစက်ဘီလှည့်ကင်း၊ဆိုင်ကယ် လှည့်ကင်းတွေနဲ့လဲ ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတဲ့ မြို့နယ် ၄၅ မြို့နယ်ထဲကမှ အမှုခင်းအဖြစ်များဆုံး မြို့နယ် ၄မြို့နယ်ကိုရွေးချယ်ပြီး ပိုင်းလော့ပရောဂျက်ကို စတင်ပြုလုပ်တာလို့သိရပါတယ်။

သန်လျင်မြို့နယ် အတွက် ကျပ်သိန်း ၁၀၀ အကုန်အကျခံဆောင်ရွက်နေတဲ့ ဒီ မှုခင်းကျဆင်းရေးစီမံကိန်း ကို ပိုက်လော့ပရောဂျက်အဖြစ် ၁ လတာ ဆောင်ရွက်သွားမှာလို့ သိရပါတယ်။ သန်လျင်မြို့ဟာ ရန်ကုန်တိုင်း တတိုင်းလုံးမှာ ရှိတဲ့ မြို့နယ်တွေထဲမှာ မှုခင်းအများဆုံး ၄ မြို့နယ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ရိုက်ကူး-သန်လျင်ပို့စ်