
0
36




ရန်ကုန်တိုင်း အစိုးရအဖွဲ့ မူလမြေပိုင်ရှင်တွေကို မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့သစ် စီမံကိန်း မူလမြေပိုင်ရှင်တွေကို မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်ခဲ့ပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွှန့်ကျေးရွာ၊ ခါတော်မီ ဘုန်းကြီးကျောင်းတိုက်ရှိ ရန်ကုန်မြို့သစ် စီမံကိန်း မြေနေရာ ပြန်လည်ချထားရေး လုပ်ငန်းအဖွဲ့ရုံးမှာ ကျင်းပခဲ့တာပါ။


အခု ဆောက်ရွက်နေတဲ့ မြေသိမ်း အမိန့်အားလုံးက ပြည်ထောင်စုကနေ ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ မိမိတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အခြေအနေပေါ်ကနေ မူတည်ပြီး ဒီမြို့သစ်ကို ဆက်ပြီး အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်သူတွေနဲ့ ထိတွေ့မှုတွေ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ ပေးမယ့် မြေလျော်ကြေးက မြို့မြေဖြစ်ပြီး၊ မြို့မြေနဲ့ လယ်မြေဈေးနှုန်း ကွာခြားမှု များစွားကြီးမားကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။