ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ျပည္သူေတြအတြက္ ေမြးဖြားလာဟု ေျပာ

0
1518

ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဟာ ျပည္သူေတြအတြက္ ေမြးဖြားလာသလို ရင္ထဲမွာ ခံစားရတယ္လို႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အသင္းခ်ဳပ္ ဒုဥကၠ႒ ဦးရွိန္၀င္းက ေျပာလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ MCC မွာ ျပဳလုပ္တဲ့ ေဆာက္လုပ္ေရးက႑မွာ ေတြ႕ႀကံဳ ေနရတဲ့ အခက္အခဲေတြကို ေျဖရွင္းေပးေရးအတြက္ လုပ္ငန္းရွင္ေတြနဲ႔ အစိုးရေတြ႕ဆံုပြဲမွာ အခုလို ေျပာၾကားလိုက္တာပါ။

ျပည္သူ႔အိမ္ရာေတြ တည္ေဆာက္ဖို႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြနဲ႔ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေတြ႕ဆံုတဲ့အခါမွာ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြက သိန္း ၁၀၀ တန္တိုက္ခန္းေတြတည္ေဆာက္ ဖို႔ေျပာေပမယ့္ ၀န္ႀကီးခ်ဳပ္က ျပည္သူေတြကို သိန္း ၃၀၀ တန္ တိုက္ခန္းမွာသာ ထားလိုၿပီး အငွား မဟုတ္ဘဲ အပိုင္ရေစလိုေၾကာင္း ေျပာခဲ့တာပါ။

ဒါ့အျပင္ အိမ္ရာေတြကို ၿမိဳ႕ျပင္မွာ မေဆာက္လိုဘဲ ၿမိဳ႕လယ္ေခါင္မွာသာ ေဆာက္လိုတယ္လို႔ ေျပာၾကားခဲ့လို႔ ျပည္သူေတြကို ဂ႐ုဏာနဲ႔ ေမတၱာ ယွဥ္ၿပီး အုပ္ခ်ဳပ္တဲ့ ၀န္ႀကီးခ်ဳပ္လို႔ ထင္ပါတယ္လို႔ သူက ေျပာခဲ့တာပဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြည်သူတွေအတွက် မွေးဖွားလာဟု ပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ပြည်သူတွေအတွက် မွေးဖွားလာသလို ရင်ထဲမှာ ခံစားရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ MCC မှာ ပြုလုပ်တဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ တွေ့ကြုံ နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရေးအတွက် လုပ်ငန်းရှင်တွေနဲ့ အစိုးရတွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ပြည်သူ့အိမ်ရာတွေ တည်ဆောက်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တွေ့ဆုံတဲ့အခါမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သိန်း ၁၀ဝ တန်တိုက်ခန်းတွေတည်ဆောက် ဖို့ပြောပေမယ့် ဝန်ကြီးချုပ်က ပြည်သူတွေကို သိန်း ၃၀ဝ တန် တိုက်ခန်းမှာသာ ထားလိုပြီး အငှား မဟုတ်ဘဲ အပိုင်ရစေလိုကြောင်း ပြောခဲ့တာပါ။

ဒါ့အပြင် အိမ်ရာတွေကို မြို့ပြင်မှာ မဆောက်လိုဘဲ မြို့လယ်ခေါင်မှာသာ ဆောက်လိုတယ်လို့ ပြောကြားခဲ့လို့ ပြည်သူတွေကို ဂရုဏာနဲ့ မေတ္တာ ယှဉ်ပြီး အုပ်ချုပ်တဲ့ ဝန်ကြီးချုပ်လို့ ထင်ပါတယ်လို့ သူက ပြောခဲ့တာပဲ ဖြစ်ပါတယ်။