
0
69




ရန်ကုန်တိုင်းဒေသကြီး အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၇)ခု ကို အတည်ပြု


ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၇)ခု နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခု တို့ကို အတည်ပြုပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၉) မှာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရဲ့ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆.၉၅၆ သန်းနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ ၃၈၀.ဝ၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၂၇၄၉)ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။