
0
296




ရန်ကုန်တိုင်းအတွင်း H1N1 ရာသီတုပ်ကွေး ဖြစ်ပွားသူ ၆၀ ကျော်ထဲက ၁၇ ဦး သေဆုံး

ရန်ကုန်တိုင်းအတွင်း ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားသူ ၆၇ ဦးရှိပြီး အဲ့ဒီအထဲက ၁၇ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ရာသီတုပ်ကွေးရောဂါ H1N1 သံသယလူနာ ၁၈၃ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ H1N1 ရောဂါဖြစ်ပွား သူ ၆၇ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရာသီတုပ်ကွေး ရောဂါပိုး ကူးစက်ခံရတဲ့ အချိန်ကစတင်ပြီး တစ်ရက်ကနေ လေးရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာတွေကတော့ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်ပါတယ်။