
0
3276




ရန်ကုန်တိုင်းအတွင်း ကိုးရက်တိတိ နာရီစဉ်အလိုက် လျှပ်စစ်မီး ဖြတ်တောက်မယ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှာ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ ကိုးရက်တိတိ လျှပ်စစ်မီးကို နာရီအစဉ်လိုက် ဖြတ်တောက်မှာ ဖြစ်ပါတယ်။

ဒီကနေ့မှာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက လျှပ်စစ်မီး ဖြတ်တောက်မယ့် မြို့နယ်တွေကို ဇယားနဲ့တကွ ထုတ်ပြန်လိုက်တာပါ။

ရေအားလျှပ်စစ် စက်ရုံကြီးတွေမှာ ဆည်ရေ ဝင်ရောက်မှု နည်းပါးနေတာကြောင့် လက်ကျန်ရေ လျော့နည်းလာတာကြောင့် အခုလို လျှပ်စစ်မီး ဖြတ်တောက်ဖို့ စီစဉ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။