ရန္ကုန္တိုင္းမွာ အလုပ္သမားအင္အား ပိုမိုမ်ားျပားေနျခင္းက စိန္ေခၚမႈတစ္ရပ္ျဖစ္ေန

0
12

ရန္ကုန္တုိင္းေဒသႀကီးမွာ တျခားတိုင္းေဒသႀကီနဲ႔ ျပည္နယ္ေတြထက္ အလုပ္သမားအင္အား မ်ားျပား ေနတာဟာ စိန္ေခၚမႈတရပ္ျဖစ္ေနတယ္လုိ႔ လူ၀င္မႈႀကီးၾကပ္ေရးႏွင္႔ လူ႕စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာန ၀န္ႀကီး က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိး ကေပးပုိ႔ထားပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးမွာရွိတဲ႔ စက္မႈဇုန္ ၂၉ ဇုန္၊ အထူးစီးပြားေရးဇုန္ ၁ ဇုန္ရွိၿပီး အလုပ္သမားအင္ အား ၃ သန္းေက်ာ္ရွိတဲ႔အတြက္ တျခားျပည္နယ္နဲ႔တုိင္းေဒသႀကီးေတြထက္ မ်ားျပားေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ေဒသတြင္း ေရႊ႕ေျပာင္း လုပ္သားေတြလည္း ပုိမုိမ်ားျပားလာေနတာဟာ ရန္ကုန္တုိင္းေဒသႀကီးရဲ႕ စိန္ေခၚမႈတရပ္ျဖစ္တယ္လုိ လူ၀င္မႈႀကီးၾကပ္ေရးႏွင္႔ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ၀န္ႀကီး ေဒၚမုိးမုိးစုၾကည္ ကေျပာပါတယ္။

Soundbite           ေဒၚမုိးမုိးစုၾကည္ (၀န္ႀကီး)

လူ၀င္မႈႀကီးၾကပ္ေရးႏွင္႔လူ႕စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာန (ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔)

ဒါအျပင္ လူမႈကာကြယ္ေစာင္႔ေရွာက္ေရးလုပ္ငန္းျဖစ္တဲ႔ အမ်ဳိးသားအဆင္႔ လူမႈကာကြယ္ေစာင္႔ေရွာက္ေရး မဟာဗ်ဳဟာအရ ေရးဆြဲေဆာင္ ရြက္ေနသလုိ ေရႊ႕ေျပာင္းလုပ္သားေတြ ေနထုိင္သြားလာေရးအဆင္ေျပေစဖုိ႔၊ လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေစဖုိ႔ က်န္းမာေရးေစာင႔္ေရွာက္မႈနဲ႔ အလုပ္ရွင္၊ အလုပ္သမား ဆက္ဆံေရး ေျပလည္ေစဖုိ႔ အလုပ္သမား ဥပေဒေတြနဲ႔ အညီ စဥ္ဆက္ မပ်က္ေဆာင္ရြက္ေပးေနတယ္လို႔လည္း ေျပာပါတယ္။ 

Soundbite                    ေဒၚမုိးမုိးစုၾကည္ (၀န္ႀကီး)

လူ၀င္မႈႀကီးၾကပ္ေရးႏွင္႔လူ႕စြမ္းအားအရင္းအျမစ္၀န္ႀကီးဌာန (ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔)

လက္ရွိမွာလည္း အနာဂတ္ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ပတ္သက္ၿပီး အလုပ္အကုိင္နယ္ပယ္ေတြ ပုိမုိဖြံ႔ၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္ေနၿပီး အလုပ္သမားေတြရဲ႕ လူမႈစီးပြားဘ၀တုိးတက္လာေစဖုိ႔ လုပ္သားေစ်းကြက္သစ္ေတြ ေဖာ္ေဆာင္ေပးေနတယ္လုိ႔ အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးမ်ဳိးေအာင္က ေျပာၾကားထားပါတယ္ရွင္။

ရန်ကုန်တိုင်းမှာ အလုပ်သမားအင်အား ပိုမိုများပြားနေခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ


ရန်ကုန်တိုင်းဒေသကြီးမှာ တခြားတိုင်းဒေသကြီနဲ့ ပြည်နယ်တွေထက် အလုပ်သမားအင်အား များပြား နေတာဟာ စိန်ခေါ်မှုတရပ်ဖြစ်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုး ကပေးပို့ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်၊ အထူးစီးပွားရေးဇုန် ၁ ဇုန်ရှိပြီး အလုပ်သမားအင် အား ၃ သန်းကျော်ရှိတဲ့အတွက် တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေထက် များပြားနေတာဖြစ်ပါတယ်။


ဒါ့အပြင် ဒေသတွင်း ရွှေ့ပြောင်း လုပ်သားတွေလည်း ပိုမိုများပြားလာနေတာဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ စိန်ခေါ်မှုတရပ်ဖြစ်တယ်လို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကပြောပါတယ်။


Soundbite ဒေါ်မိုးမိုးစုကြည် (ဝန်ကြီး)
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)


ဒါအပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဖြစ်တဲ့ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျုဟာအရ ရေးဆွဲဆောင် ရွက်နေသလို ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်သွားလာရေးအဆင်ပြေစေဖို့၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ပြေလည်စေဖို့ အလုပ်သမား ဥပဒေတွေနဲ့ အညီ စဉ်ဆက် မပျက်ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။


Soundbite ဒေါ်မိုးမိုးစုကြည် (ဝန်ကြီး)
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)


လက်ရှိမှာလည်း အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး အလုပ်အကိုင်နယ်ပယ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး အလုပ်သမားတွေရဲ့ လူမှုစီးပွားဘဝတိုးတက်လာစေဖို့ လုပ်သားဈေးကွက်သစ်တွေ ဖော်ဆောင်ပေးနေတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားထားပါတယ်ရှင်။