ရန္ကုန္တိုင္းမွာ ရာသီတုပ္ေကြး H1N1 ေၾကာင့္ ေသဆံုးသူ ၃၈ ဦးအထိ ရွိလာ

0
114

ရန္ကုန္တုိင္းေဒသႀကီး အတြင္း ရာသီတုပ္ေကြး H1N1 ေရာဂါေၾကာင့္ ေသဆံုးသူ ၃၈ ဦးအထိ ရွိလာတယ္လို႔ ရန္ကုန္တုိင္း က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးမွာ ဇူလုိင္လ ၁၄ ရက္ေန႔အထိ ရာသီတုပ္ေကြး သံသယလူနာ ၃၃၇ ဦးကို ဓာတ္ခြဲ စစ္ေဆးခဲ့တဲ့အနက္ ပိုးေတြ႔ရွိသူ ၁၄၀ ဦး ရွိၿပီး အဲ့ဒီထဲက ၃၈ ဦး ေသဆံုးခဲ့တာ ျဖစ္တယ္လို႔ ရန္ကုန္တုိင္း က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာ ထြန္းျမင့္က ေျပာပါတယ္။ ရာသီတုပ္ေကြး H1N1 ေရာဂါေၾကာင့္ ေသဆံုးသူ ၄၆ ဦးရွိၿပီး ရန္ကုန္တုိင္းက ၃၈ ဦး၊ ဧရာဝတီတုိင္းက သံုးဦး၊ ပဲခူးတုိင္းက ႏွစ္ဦး၊ စစ္ကိုင္းတုိင္းက ႏွစ္ဦးနဲ႔ မြန္ျပည္နယ္က တစ္ဦးျဖစ္ပါတယ္။

ရာသီတုပ္ေကြး ေရာဂါပိုးကူးစက္ခံရခ်ိန္က စတင္ၿပီး တစ္ရက္ကေန ေလးရက္အတြင္း ေရာဂါလကၡဏာေတြ စတင္ေပၚေပါက္လာႏုိင္ၿပီး အပူခ်ိန္ ၃၈ ဒီဂရီစင္ တီဂရိတ္နဲ႔အထက္ ဖ်ားျခင္း၊ ႏွာရည္ယိုျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏံုးေခြျခင္းတုိ႔ကို ခံစားရမွာ ျဖစ္ပါတယ္။

ရန်ကုန်တိုင်းမှာ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာ


ရန်ကုန်တိုင်းဒေသကြီး အတွင်း ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။


ရန်ကုန်တိုင်းဒေသကြီးမှာ ဇူလိုင်လ ၁၄ ရက်နေ့အထိ ရာသီတုပ်ကွေး သံသယလူနာ ၃၃၇ ဦးကို ဓာတ်ခွဲ စစ်ဆေးခဲ့တဲ့အနက် ပိုးတွေ့ရှိသူ ၁၄၀ ဦး ရှိပြီး အဲ့ဒီထဲက ၃၈ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၄၆ ဦးရှိပြီး ရန်ကုန်တိုင်းက ၃၈ ဦး၊ ဧရာဝတီတိုင်းက သုံးဦး၊ ပဲခူးတိုင်းက နှစ်ဦး၊ စစ်ကိုင်းတိုင်းက နှစ်ဦးနဲ့ မွန်ပြည်နယ်က တစ်ဦးဖြစ်ပါတယ်။


ရာသီတုပ်ကွေး ရောဂါပိုးကူးစက်ခံရချိန်က စတင်ပြီး တစ်ရက်ကနေ လေးရက်အတွင်း ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာနိုင်ပြီး အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နဲ့အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။