ရန္ကုန္တကၠသုိလ္ ႏွစ္ (၁၀၀) ျပည့္ အခမ္းအနား ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ဦးေဆာင္က်င္းပမယ္

0
40

ရန္ကုန္တကၠသုိလ္ဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ဆုိရင္ ႏွစ္ ၁၀၀ ျပည့္ေျမာက္ၿပီ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္မွာ ရန္ကုန္တကၠသုိလ္ ႏွစ္တစ္ရာျပည့္ အခမ္းအနားကုိ က်င္းပသြားမွာျဖစ္ၿပီး အဲဒီအခမ္းအနားမွာ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒အျဖစ္ ဦးေဆာင္ က်င္းပသြားမွာ ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ စက္တင္ဘာလ ၆ ရက္ေန႔မွာ ရန္ကုန္တကၠသုိလ္ ဝင္းအတြင္းရွိ သစ္ပုတ္ပင္ႀကီးကုိ ၿမိဳ႕ျပအေမြအႏွစ္ အျပာေရာင္ ကမၺည္းျပား တပ္ဆင္ပြဲမွာ အခုလုိ ေျပာၾကားခဲ့တာပါ။ ႏွစ္ (၁၀၀) ျပည့္ပြဲကုိ ဒီဇင္ဘာလ ၁ ရက္ေန႔က စတင္ၿပီး တစ္လလံုး က်င္းပသြားမွာ ျဖစ္ပါတယ္။  

အႀကိဳလႈပ္ရွားမႈေတြအျဖစ္ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းေတြ ေတြ႔ဆံုေဆြးေႏြးပြဲေတြ ဘာသာရပ္ အသီးသီးက အၿငိမ္းစား ဆရာ၊ ဆရာမႀကီးေတြရဲ႕ အာစရိယပူေဇာ္ပြဲေတြ ဘာသာရပ္ဆိုင္ရာ စာတမ္းဖတ္ပြဲေတြ  မိတ္ဆံု ညစာစားပြဲနဲ႔ ဂီတေဖ်ာ္ေျဖပြဲေတြ၊ ရန္ကုန္တကၠသိုလ္ ႏွစ္ (၁၀၀) ျပည့္ အထိမ္းအမွတ္ ထုတ္ေဝတဲ့ သုေတသနစာတမ္း၊ စာေစာင္၊ စာအုပ္ေတြ ရန္ကုန္တကၠသိုလ္ မဂၢဇင္းေတြ၊ သမိုင္းဝင္ စာအုပ္စာတမ္းျပပြဲေတြ၊  ရန္ကုန္တကၠသိုလ္ သမိုင္းျပဳစုထုတ္ေဝျခင္း၊ အထိမ္းအမွတ္ စာေစာင္ထုတ္ေ၀မႈေတြ စတာေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် အခမ်းအနား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမယ်


ရန်ကုန်တက္ကသိုလ်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်ဆိုရင် နှစ် ၁၀ဝ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အခမ်းအနားကို ကျင်းပသွားမှာဖြစ်ပြီး အဲဒီအခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပသွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။


ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းရှိ သစ်ပုတ်ပင်ကြီးကို မြို့ပြအမွေအနှစ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ နှစ် (၁၀ဝ) ပြည့်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီး တစ်လလုံး ကျင်းပသွားမှာ ဖြစ်ပါတယ်။


အကြိုလှုပ်ရှားမှုတွေအဖြစ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေ တွေ့ဆုံဆွေးနွေးပွဲတွေ ဘာသာရပ် အသီးသီးက အငြိမ်းစား ဆရာ၊ ဆရာမကြီးတွေရဲ့ အာစရိယပူဇော်ပွဲတွေ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲတွေ မိတ်ဆုံ ညစာစားပွဲနဲ့ ဂီတဖျော်ဖြေပွဲတွေ၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် ထုတ်ဝေတဲ့ သုတေသနစာတမ်း၊ စာစောင်၊ စာအုပ်တွေ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းတွေ၊ သမိုင်းဝင် စာအုပ်စာတမ်းပြပွဲတွေ၊ ရန်ကုန်တက္ကသိုလ် သမိုင်းပြုစုထုတ်ဝေခြင်း၊ အထိမ်းအမှတ် စာစောင်ထုတ်ဝေမှုတွေ စတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။