ရန္ကုန္တကၠသိုလ္ ပရဝုဏ္အတြင္းမွာ ေခြးေကာင္ေရ မျပန္႔ပြားေရး ေဆာင္ရြက္

0
65

ရန္ကုန္တကၠသိုလ္ ပရဝုဏ္အတြင္းမွာ ေခြးေလေခြးလြင့္ေတြအနက္ အထီးေတြကို ခြဲစိတ္သင္းကြပ္ျခင္း၊ ေခြးမေတြကို ခြဲစိတ္ သားအိမ္ထုတ္ၿပီး မ်ိဳးဆက္ျပန္႔ပြားမႈ ထိန္းခ်ဳပ္ျခင္း၊ ေခြး႐ူးေရာဂါ ကာကြယ္ေဆး ထိုးျခင္းတို႔ကို တိရစာၦန္ေဆးကု ဆရာဝန္မ်ား ပရဟိတအဖြဲ႔ Infinity Vets Myanmar (ရန္ကုန္) က ဆရာဝန္ေတြက လုပ္ေဆာင္ေပးခဲ့ၾကပါတယ္။

ရန္ကုန္တကၠသိုလ္ ဆရာမ်ားသမဂၢရဲ႕ ေမတၱာရပ္ခံခ်က္နဲ႔ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ရဲ႕ အကူအညီ ေတာင္းခံမႈေတြေၾကာင့္ ဇူလိုင္လ ၂၈ ရက္ေန႔က အခုလို လုပ္ေဆာင္ေပးခဲ့တာပါ။ အခုတစ္ႀကိမ္က ငါးႀကိမ္ေျမာက္ သီတင္းပတ္ျဖစ္ၿပီး ေခြးထီး ၃၅ ေကာင္၊ ေခြးမ အေကာင္ ၆၀ တို႔ကို မ်ိဳးပြားမႈ ထိန္းခ်ဳပ္တာ၊ ေခြး ၁၀၅ ေကာင္ကို ေခြး႐ူးကာကြယ္ေဆး ထိုးတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

Infinity Vets Myanmar (ရန္ကုန္) ကို ၂၀၁၆ ခုႏွစ္မွာ စတင္ဖြဲ႔စည္းခဲ့ၿပီး အဖြဲ႔ဝင္ ဆရာဝန္ ၂၉ ဦးက တစ္ဦးလွ်င္ တစ္လ ေငြက်ပ္ ၅ ေထာင္ထည့္ဝင္ကာ ဘုန္းႀကီးေက်ာင္း၊ သာသနာ့နယ္ေျမ၊ ဘုရားပရဝုဏ္၊ တကၠသိုလ္၊ စာသင္ေက်ာင္း၊ ေဆး႐ံုေတြထဲရွိ ေခြးေလေခြးလြင့္ေတြကို ဦးစားေပး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်းမှာ ခွေးကောင်ရေ မပြန့်ပွားရေး ဆောင်ရွက်


ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်းမှာ ခွေးလေခွေးလွင့်တွေအနက် အထီးတွေကို ခွဲစိတ်သင်းကွပ်ခြင်း၊ ခွေးမတွေကို ခွဲစိတ် သားအိမ်ထုတ်ပြီး မျိုးဆက်ပြန့်ပွားမှု ထိန်းချုပ်ခြင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးခြင်းတို့ကို တိရစ္ဆာန်ဆေးကု ဆရာဝန်များ ပရဟိတအဖွဲ့ Infinity Vets Myanmar (ရန်ကုန်) က ဆရာဝန်တွေက လုပ်ဆောင်ပေးခဲ့ကြပါတယ်။


ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ အကူအညီ တောင်းခံမှုတွေကြောင့် ဇူလိုင်လ ၂၈ ရက်နေ့က အခုလို လုပ်ဆောင်ပေးခဲ့တာပါ။ အခုတစ်ကြိမ်က ငါးကြိမ်မြောက် သီတင်းပတ်ဖြစ်ပြီး ခွေးထီး ၃၅ ကောင်၊ ခွေးမ အကောင် ၆၀ တို့ကို မျိုးပွားမှု ထိန်းချုပ်တာ၊ ခွေး ၁၀၅ ကောင်ကို ခွေးရူးကာကွယ်ဆေး ထိုးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။


Infinity Vets Myanmar (ရန်ကုန်) ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ဆရာဝန် ၂၉ ဦးက တစ်ဦးလျှင် တစ်လ ငွေကျပ် ၅ ထောင်ထည့်ဝင်ကာ ဘုန်းကြီးကျောင်း၊ သာသနာ့နယ်မြေ၊ ဘုရားပရဝုဏ်၊ တက္ကသိုလ်၊ စာသင်ကျောင်း၊ ဆေးရုံတွေထဲရှိ ခွေးလေခွေးလွင့်တွေကို ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။