ရန္ကုန္တကၠသိုလ္ရွိ သစ္ပုတ္ပင္ႀကီးကုိ အျပာေရာင္ ကမၸည္းျပား တပ္ဆင္

0
38

ရန္ကုန္တကၠသိုလ္အတြင္းရွိ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိ သစ္ပုပ္ပင္ႀကီးကုိ ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ အထိမ္းအမွတ္အျဖစ္ အျပာေရာင္ကမၸည္းျပားကုိ ဒီကေန႔ စက္တင္ဘာလ ၆ ရက္ေန႔မွာ တပ္ဆင္လိုက္ပါတယ္။ 

အဲဒီ သစ္ပုတ္ပင္ႀကီးက ရန္ကုန္တကၠသုိလ္ကုိ ကုိယ္စားျပဳတဲ့ အမွတ္သေကၤတေတြထဲမွာ အၿမဲတမ္းပါတဲ့ သေကၤတတစ္ခု ျဖစ္တဲ့အျပင္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္တဲ့ သစ္ပင္ႀကီးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သစ္ပုတ္ပင္ႀကီးဟာ ရန္ကုန္တကၠသိုလ္ စတင္တည္ေဆာက္တဲ့ ၁၉၁၂ ခုႏွစ္ မတိုင္ခင္ကတည္းက တည္ရွိေနခဲ့တဲ့ သစ္ပင္ႀကီးျဖစ္ၿပီး သက္တမ္းရင့္ ရြက္ေၾကြပင္အမ်ိဳးအစား ျဖစ္တယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့ပါတယ္။

ကမၺည္းျပားတပ္ ဆင္ပြဲအခမ္းအနားကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္း ေစာင့္ေရွာက္ေရး အဖြဲ႔ တာဝန္ရွိသူေတြနဲ႔ ရန္ကုန္တကၠသိုလ္က တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ်ပင်ကြီးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်


ရန်ကုန်တက္ကသိုလ်အတွင်းရှိ နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ သစ်ပုပ်ပင်ကြီးကို ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ်အဖြစ် အပြာရောင်ကမ္ပည်းပြားကို ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ တပ်ဆင်လိုက်ပါတယ်။


အဲဒီ သစ်ပုတ်ပင်ကြီးက ရန်ကုန်တက္ကသိုလ်ကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေထဲမှာ အမြဲတမ်းပါတဲ့ သင်္ကေတတစ်ခု ဖြစ်တဲ့အပြင် နှစ်ပေါင်း ၁၀ဝ ကျော်တဲ့ သစ်ပင်ကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ပုတ်ပင်ကြီးဟာ ရန်ကုန်တက္ကသိုလ် စတင်တည်ဆောက်တဲ့ ၁၉၁၂ ခုနှစ် မတိုင်ခင်ကတည်းက တည်ရှိနေခဲ့တဲ့ သစ်ပင်ကြီးဖြစ်ပြီး သက်တမ်းရင့် ရွက်ကြွေပင်အမျိုးအစား ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။


ကမ္ဗည်းပြားတပ် ဆင်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူတွေနဲ့ ရန်ကုန်တက္ကသိုလ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။