ရန္ကုန္တကၠသိုလ္ရွိ သစ္ပုပ္ပင္ႀကီးကုိ အျပာေရာင္ကမၸည္းျပား တပ္ဆင္မယ္

0
78

ရန္ကုန္တကၠသိုလ္၀န္းအတြင္းရွိ  ႏွစ္ေပါင္းတစ္ရာေက်ာ္ သက္တမ္းရွိတဲ့  သစ္ပုပ္ပင္ႀကီးကုိ ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ အထိမ္းအမွတ္အျဖစ္ အျပာေရာင္ကမၸည္းျပား တပ္ဆင္သြားဖုိ႔ ရွိေနေၾကာင္း ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ က ေျပာပါတယ္။

အဲဒီသစ္ပုပ္ပင္ႀကီး က ရန္ကုန္တကၠသုိလ္ကုိ ကုိယ္စားျပဳတဲ့ အမွတ္သေကၤတေတြထဲမွာ အၿမဲတမ္းပါတဲ့ သေကၤတ တစ္ခုျဖစ္တဲ့အျပင္ ႏွစ္ေပါင္းတစ္ရာေက်ာ္တဲ့ သစ္ပုပ္ပင္ႀကီးျဖစ္တာေၾကာင့္ အခုလုိ အျပာေရာင္ ကမၸည္းျပား တပ္ဆင္ဖို႔ လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ တာ၀န္ရွိသူက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ အေနနဲ႔ ဗိုလ္ဆြန္ပက္လမ္းရွိ Yangon Excelsior Hotel ၊ ဆူးေလဘုရားအနီးရွိ တိုးရစ္ဘားမား အေဆာက္အအုံ၊ အင္းလ်ားလိတ္ဟိုတယ္၊ အင္းလ်ားကန္ႏွင့္ ျမန္မာအမ်ိဳးသား ေလေၾကာင္း လိုင္း႐ုံးတို႔ကုိ  ၂၀၁၉ ခုႏွစ္မကုန္ခင္ အျပာေရာင္ကမၸည္းျပား တပ္ဆင္သြား ဖုိ႔လည္း ရွိေနေၾကာင္း ဆက္လက္ေျပာၾကားထားပါတယ္။

ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်မယ်


ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ သစ်ပုပ်ပင်ကြီးကို ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားဖို့ ရှိနေကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ပြောပါတယ်။


အဲဒီသစ်ပုပ်ပင်ကြီး က ရန်ကုန်တက္ကသိုလ်ကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေထဲမှာ အမြဲတမ်းပါတဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့အပြင် နှစ်ပေါင်းတစ်ရာကျော်တဲ့ သစ်ပုပ်ပင်ကြီးဖြစ်တာကြောင့် အခုလို အပြာရောင် ကမ္ပည်းပြား တပ်ဆင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။


ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ဗိုလ်ဆွန်ပက်လမ်းရှိ Yangon Excelsior Hotel ၊ ဆူးလေဘုရားအနီးရှိ တိုးရစ်ဘားမား အဆောက်အအုံ၊ အင်းလျားလိတ်ဟိုတယ်၊ အင်းလျားကန်နှင့် မြန်မာအမျိုးသား လေကြောင်း လိုင်းရုံးတို့ကို ၂၀၁၉ ခုနှစ်မကုန်ခင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွား ဖို့လည်း ရှိနေကြောင်း ဆက်လက်ပြောကြားထားပါတယ်။