
0
48




ရန်ကင်း ပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်


ရန်ကင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ရန်ကင်း ပညာရေးကောလိပ် ကျောင်းဝင်းအတွင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပညာရေးကောလိပ် ဒီပလိုမာရ ဆရာ၊ ဆရာမများ B.A/B.Sc (Education) သင်တန်း တက်ခွင့်ဆိုင်ရာ တိကျတဲ့မူဝါဒတွေ ထုတ်ပြန်ပေးဖို့ အပါအဝင် အချက်သုံးချက်ကို ရန်ကင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တောင်းဆိုခဲ့တာပါ။


ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ရတဲ့ အချက်သုံးချက်ကတော့ BA (Edu)၊ B.Sc (Edu) နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့၊ အခြေခံပညာကနေ အဝေးသင် တက်ရောက်ရာမှာ ခွင့်ရက် လုံလောက်စွာ ရရှိဖို့၊ ပညာရေးကောလိပ် ကျောင်းသား သမဂ္ဂတွေအပေါ် ဖိနှိပ်မှု ရပ်တန်ဖို့တို့ ဖြစ်ပါတယ်။