ရထားဘူတာ႐ံု မီးေလာင္ၿပီးေနာက္ ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြ ပိတ္ပင္

0
35

ဗဟို ေျမေအာက္ ရထားဘူတာ႐ံုကို ဆႏၵျပသူေတြက မီး႐ိႈ႕မႈ ျဖစ္ပြားၿပီးေနာက္ ေဟာင္ေကာင္မွာ စီစဥ္ထားတဲ့ စက္တင္ဘာ ၁၅ ရက္ေန႔ ဆႏၵျပပြဲကို ရဲေတြက ပိတ္ပင္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဆႏၵျပပြဲေတြမွာ ဆႏၵျပသူေတြဟာ အမ်ားျပည္သူ ေနရာေတြမွာ စုေဝးတာ၊ လမ္းေတြကို ပိတ္တာ၊ မီး႐ိႈ႕တာေတြစတဲ့ ရမ္းကားတဲ့ အျပဳအမႈေတြ လုပ္ခဲ့ေၾကာင္း၊ အဲဒါေၾကာင့္ တျခား ဆႏၵျပသူေတြ၊ အစိုးရအရာရွိေတြ၊ ဂ်ာနယ္လစ္ေတြ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ေဟာင္ေကာင္ ရဲမင္းႀကီး စတီဖင္ လိုက ေျပာပါတယ္။

ဒါ့အျပင္ လာမယ့္ စက္တင္ဘာ ၁၅ ရက္ေန႔ ဆႏၵျပပြဲ လုပ္မယ့္ ေနရာဟာ အစိုးရ႐ံုးေတြ ရွိတဲ့အတြက္ ပဋိပကၡေတြ ျဖစ္ပြားႏိုင္တဲ့ အႏၱရာရွိေနရာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ ဒီမိုကေရစီကို ေထာက္ခံတဲ့ ဆႏၵျပပြဲေတြဟာ ၿပီးခဲ့တဲ့ ဇြန္လအေစာပိုင္း ကတည္းက စတင္ခဲ့တာပါ။

ရထားဘူတာရုံ မီးလောင်ပြီးနောက် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ပိတ်ပင်

ဗဟို မြေအောက် ရထားဘူတာရုံကို ဆန္ဒပြသူတွေက မီးရှို့မှု ဖြစ်ပွားပြီးနောက် ဟောင်ကောင်မှာ စီစဉ်ထားတဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ဆန္ဒပြပွဲကို ရဲတွေက ပိတ်ပင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေဟာ အများပြည်သူ နေရာတွေမှာ စုဝေးတာ၊ လမ်းတွေကို ပိတ်တာ၊ မီးရှို့တာတွေစတဲ့ ရမ်းကားတဲ့ အပြုအမှုတွေ လုပ်ခဲ့ကြောင်း၊ အဲဒါကြောင့် တခြား ဆန္ဒပြသူတွေ၊ အစိုးရအရာရှိတွေ၊ ဂျာနယ်လစ်တွေ ဒဏ်ရာ ရရှိခဲ့ကြောင်း ဟောင်ကောင် ရဲမင်းကြီး စတီဖင် လိုက ပြောပါတယ်။

ဒါ့အပြင် လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ ဆန္ဒပြပွဲ လုပ်မယ့် နေရာဟာ အစိုးရရုံးတွေ ရှိတဲ့အတွက် ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာရှိနေရာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီမိုကရေစီကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်း ကတည်းက စတင်ခဲ့တာပါ။