ရခိုင်ပြည်သူတွေကို ငဲ့ကွက်တဲ့အနေနဲ့ AA အဖွဲ့ ငြိမ်းချမ်းရေးလမ်း လျှောက်လှမ်းဖို့ သမ္မတရုံး တိုက်တွန်း

0
966




တိုက်ပွဲတွေရပ်ပါ ဆန္ဒပြနေရုံနဲ့ တိုက်ပွဲတွေရပ်မှာ မဟုတ်တဲ့ အတွက်ကျွန်တော်တို့ ငြိမ်းချမ်းရေး စားပွဲဝိုင်း   နှစ်ဦးသဘောတူ အပစ်ရပ် ဖြစ်အောင်လုပ်၊ ပြီးရင် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ရောက်အောင်လုပ်  ပြီးရင်တော့ တန်းတူရည်တူ နိုင်ငံရေး အခွင့်အရေးတွေ တောင်းဆို ၊ပြည်နယ် အခွင့်အရေးတွေ တိုင်းရင်းသား အခွင့်အရေးတွေတောင်းဆို ဒီနည်းလမ်းက ပဲအားလုံး အတွက်ခံ သာတယ် ရခိုင်ပြည်သူနဲ့ ရခိုင်လူထုလည်းမနာတဲ့နည်းလမ်းဖြစ်တယ်”လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ် ။


ရခိုင်ပြည်သူတွေကို ငဲ့ကွက်တဲ့အနေနဲ့ AA အဖွဲ့ ငြိမး်ချမ်းရေးလမ်း လျှောက်လှမ်းဖို့ သမ္မတရုံး တိုက်တွန်း

ဒေသခံပြည်သူ ရခိုင်တိုင်းရင်းသားတွေကို ငဲ့ကွက်တဲ့အနေနဲ့ AA လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ကို လျှောက်လမ်းပါလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဇွန်လ ၇ ရက်နေ့ ဒီကနေ့မှာ နိုင်ငံတော်သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး က ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့တာပါ။

တပ်မတော်တစ်ခုတည်း ပြောဖို့ထပ် AA ကိုလည်းပြောဖို့လိုကြောင်း လက်ရှိမှာ AA အနေနဲ့ ငြိမ်းချမ်းရေး လမ်းကိုလျှောက်လမ်းပါလို့ ဦးဇော်ဌေးက ပြောပါတယ်။

“တိုက်ပွဲတွေရပ်ပါ ဆန္ဒပြနေရုံနဲ့ တိုက်ပွဲတွေရပ်မှာ မဟုတ်တဲ့ အတွက်ကျွန်တော်တို့ ငြိမ်းချမ်းရေး စားပွဲဝိုင်း နှစ်ဦးသဘောတူ အပစ်ရပ် ဖြစ်အောင်လုပ်၊ ပြီးရင် NCA လမး်ကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ရောက်အောင်လုပ် ပြီးရင်တော့ တန်းတူရည်တူ နိုင်ငံရေး အခွင့်အရေးတွေ တောင်းဆို ၊ပြည်နယ် အခွင့်အရေးတွေ တိုင်းရင်းသား အခွင့်အရေးတွေတောင်းဆို ဒီနည်းလမး်က ပဲအားလုံး အတွက်ခံ သာတယ် ရခိုင်ပြည်သူနဲ့ ရခိုင်လူထုလည်းမနာတဲ့နည်းလမ်းဖြစ်တယ်”လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ် ။

ဒါ့အပြင် လွတ်လပ်ရေး မရခင်ကတည်းကတိုက်လာတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ တွေက နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ကြောင်း အထူးသဖြင့် တခြားနယ်နမိတ်ကြီးထိစပ်နေတဲ့ နေရာတွေ မှာ တိုက်ပွဲတွေ ကြာရှည် တက်တာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။