ရခုိင္မွာ သတင္းယူမယ့္ ျပည္တြင္းျပည္ပ မီဒီယာေတြ ခြင့္ျပဳခ်က္ရယူရမယ္

0
60

ရခုိင္ျပည္နယ္မွာ လာေရာက္သတင္းယူမယ့္ ျပည္တြင္းျပည္ပ မီဒီယာေတြအားလုံး ျပည္နယ္အစုိးရထံ ခြင့္ျပဳခ်က္ယူရမယ္လို႔  ရခုိင္ျပည္နယ္အစုိးရက ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကုိ တုိင္ၾကားထား ေၾကာင္း ျမန္မာႏုိင္ငံ သတင္းမီဒီယာေကာင္စီ အတြင္းေရးမွဴး ဦးျမင့္ေက်ာ္က စက္တင္ဘာလ ၁၃ ရက္ေန႔က သတင္းမီဒီယာ ေကာင္စီရဲ႕ သတင္းစာရွင္းလင္းပြဲမွာ အခုလုိ ေျပာခဲ့တာပါ။

ၾသဂုတ္လအတြင္းမွာ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကို တိုင္စာေပးပို႔ခဲ့တာ ျဖစ္ပါတယ္ အဲဒီတုိင္စာမွာ ပဋိပကၡျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္းသာမက ရခိုင္ျပည္နယ္ တစ္ခုလံုးမွာ သတင္းရယူခြင့္ကို ျပည္နယ္အစိုးရက ကန္႔သတ္ခ်င္တဲ့သေဘာမ်ိဳးသက္ေရာက္တ့ဲစာသား ေတြကို ရခိုင္ဝန္ႀကီးခ်ဳပ္ကိုယ္စား ရခိုင္နယ္လံုဝန္ႀကီးက လက္မွတ္ေရးထိုးေပးပို႔ထားတာ ျဖစ္ပါတယ္။

လက္ရွိမွာ သတင္းမီဒီယာေကာင္စီအေနနဲ႔ အဲဒီထုတ္ျပန္ထားမႈနဲ႔ပတ္သက္ၿပီး သတင္း မီဒီယာေတြကုိ ဦးစြာ အသိေပးသင့္ၿပီး ထုတျ္ပန္ထားမႈကို ေကာင္စီကုိေပးပို႔လာပါက သတင္း မီဒီယာေတြကုိ ဦးစြာ အသိေပးသြားမွာ ျဖစ္ေၾကာင္း ရခုိင္ျပည္နယ္အစုိးရထံ စာျပန္လည္ေပးပို႔ထားၿပီး အေၾကာင္း မျပန္ေသးဘူး လို႔လည္းေျပာပါတယ္။

ရခိုင်မှာ သတင်းယူမယ့် ပြည်တွင်းပြည်ပ မီဒီယာတွေ ခွင့်ပြုချက်ရယူရမယ်


ရခိုင်ပြည်နယ်မှာ လာရောက်သတင်းယူမယ့် ပြည်တွင်းပြည်ပ မီဒီယာတွေအားလုံး ပြည်နယ်အစိုးရထံ ခွင့်ပြုချက်ယူရမယ်လို့ ရခိုင်ပြည်နယ်အစိုးရက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားထား ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က စက်တင်ဘာလ ၁၃ ရက်နေ့က သတင်းမီဒီယာ ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။


သြဂုတ်လအတွင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်စာပေးပို့ခဲ့တာ ဖြစ်ပါတယ် အဲဒီတိုင်စာမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းသာမက ရခိုင်ပြည်နယ် တစ်ခုလုံးမှာ သတင်းရယူခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်ချင်တဲ့သဘောမျိုးသက်ရောက်တဲ့စာသား တွေကို ရခိုင်ဝန်ကြီးချုပ်ကိုယ်စား ရခိုင်နယ်လုံဝန်ကြီးက လက်မှတ်ရေးထိုးပေးပို့ထားတာ ဖြစ်ပါတယ်။


လက်ရှိမှာ သတင်းမီဒီယာကောင်စီအနေနဲ့ အဲဒီထုတ်ပြန်ထားမှုနဲ့ပတ်သက်ပြီး သတင်း မီဒီယာတွေကို ဦးစွာ အသိပေးသင့်ပြီး ထုတြ်ပန်ထားမှုကို ကောင်စီကိုပေးပို့လာပါက သတင်း မီဒီယာတွေကို ဦးစွာ အသိပေးသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရထံ စာပြန်လည်ပေးပို့ထားပြီး အကြောင်း မပြန်သေးဘူး လို့လည်းပြောပါတယ်။