
0
51




ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကိစ္စတွေအတွက် အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ALP ဆွေးနွေး


ရခိုင်ပြည်နယ် ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စတွေကို ဆောင်ရွက်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးခန်းမှာ နှစ်ဖက်အဖွဲ့က တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။


ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) က အတွင်းရေးမှူး ဦးခင်ဇော်ဦးနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေတို့ တက်ရောက်ကာ ALP ဘက်က ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။