ရခိုင္ျပည္နယ္အေရး ေတာင္ကိုရီးယားက အျပဳသေဘာေဆာင္ အကူအညီေတြ ေပးမယ္

0
62

ရခိုင္ျပည္နယ္ အေရးကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္းေဆာင္ရြက္မႈေတြကို ပါဝင္ အေထာက္အကူ ျပဳႏိုင္ေရးအတြက္ ကိုရီးယား သမၼတႏိုင္ငံက အျပဳသေဘာေဆာင္တဲ့ အကူအညီေတြ ေပးအပ္သြားမွာ ျဖစ္ပါတယ္။

မေန႔ စက္တင္ဘာလ ၃ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံ ေတြ႔ဆံုေဆြးေႏြးပြဲမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတာင္ကိုရီးယား သမၼတ မစၥတာ မြန္ေဂ်အင္းတို႔က ထည့္သြင္း ေဆြးေႏြးခဲ့တာပါ။

ေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာလည္း သမၼတ မစၥတာ မြန္ေဂ်အင္းက ရခိုင္ျပည္နယ္ အေရးကိစၥ ေျဖရွင္းေရးနဲ႔ ပတ္သက္ၿပီး ျမန္မာနဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ အေနနဲ႔ အျပန္အလွန္ ကူညီေဆာင္ရြက္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ရခိုင်ပြည်နယ်အရေး တောင်ကိုရီးယားက အပြုသဘောဆောင် အကူအညီတွေ ပေးမယ်


ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ပါဝင် အထောက်အကူ ပြုနိုင်ရေးအတွက် ကိုရီးယား သမ္မတနိုင်ငံက အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။


မနေ့ စက်တင်ဘာလ ၃ ရက် နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယား သမ္မတ မစ္စတာ မွန်ဂျေအင်းတို့က ထည့်သွင်း ဆွေးနွေးခဲ့တာပါ။


ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း သမ္မတ မစ္စတာ မွန်ဂျေအင်းက ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ တောင်ကိုရီးယားနိုင်ငံတို့ အနေနဲ့ အပြန်အလှန် ကူညီဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။