ရခိုင္ျပည္နယ္မွာ ရာသီဥတုဆိုးရြားမႈေၾကာင့္ နီေပါ ရဟတ္ယာဥ္တစ္စင္း ယာယီဆင္းသက္ခဲ့ရ

0
51

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စည္ေတာင္ေက်းရြာနဲ႔ ေရေခါင္းေခ်ာင္းေက်းရြာ အၾကားမွာ ရာသီဥတုဆုိးရြားမႈေၾကာင့္ နီေပါ ရဟတ္ယာဥ္ ၁ စင္း ယာယီ ဆင္းသက္ခဲ့ရပါတယ္။

စက္တင္ဘာ ၆ ရက္၊ ေန႔လည္ ၁၁ နာရီခန္႔မွာ ရဟတ္ယာဥ္ ၁ စီး ေခတၱ ဆင္းသက္ရပ္နား ခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ ခဲ့တာပါ။

အဲ့ဒီ ရဟတ္ယာဥ္ဟာ အင္ဒုိနီးရွားႏိုင္ငံ သစ္ေတာမီးေလာင္မႈကို သြားေရာက္ကူညီမယ့္ နီေပါႏုိင္ငံက Mi-8 -MTV-1 အမ်ဳိးအစား (Registration No/ Call Sgn: 9N-AHT) Helicopter ျဖစ္ၿပီး ပ်ံသန္းစဥ္ ရာသီဥတုဆုိးရြာမႈေၾကာင့္ အခုလိုလအေရးေပၚ ဆင္းသက္ခဲ့ရတာျဖစ္ပါတယ္။

ရခိုင်ပြည်နယ်မှာ ရာသီဥတုဆိုးရွားမှုကြောင့် နီပေါ ရဟတ်ယာဉ်တစ်စင်း ယာယီဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာနဲ့ ရေခေါင်းချောင်းကျေးရွာ အကြားမှာ ရာသီဥတုဆိုးရွားမှုကြောင့် နီပေါ ရဟတ်ယာဉ် ၁ စင်း ယာယီ ဆင်းသက်ခဲ့ရပါတယ်။

စက်တင်ဘာ ၆ ရက်၊ နေ့လည် ၁၁ နာရီခန့်မှာ ရဟတ်ယာဉ် ၁ စီး ခေတ္တ ဆင်းသက်ရပ်နား ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ခဲ့တာပါ။

အဲ့ဒီ ရဟတ်ယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ သစ်တောမီးလောင်မှုကို သွားရောက်ကူညီမယ့် နီပေါနိုင်ငံက Mi-8 -MTV-1 အမျိုးအစား (Registration No/ Call Sgn: 9N-AHT) Helicopter ဖြစ်ပြီး ပျံသန်းစဉ် ရာသီဥတုဆိုးရွာမှုကြောင့် အခုလိုလအရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။