ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြအတြင္း အရပ္သား ၁၁ ဦး ေပ်ာက္ဆံုးေန

0
289

တပ္မေတာ္နဲ႔ AA လက္နက္ကိုင္တပ္ဖြဲ႔တို႔အၾကား တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္မွာ ေပ်ာက္ဆံုးေနတဲ့ အရပ္သား ၁၁ ဦး ရွိေနပါတယ္။

ေပ်ာက္ဆံုးေနသူေတြအနက္ ရွစ္ဦးဟာ ရန္ေအာင္ျပင္၊ တႏိုင္းခံ၊ သာစည္ ေက်းရြာေတြက ျဖစ္ၿပီး က်န္ သံုးဦးက စစ္ကိုင္းတိုင္းေဒသႀကီးက ကုန္သည္ေတြ ျဖစ္တယ္လို႔ RFA သတင္းဌာနက ေဖာ္ျပပါတယ္။ လူ ရွစ္ဦးဟာ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ကတည္းက ေပ်ာက္ဆံုးေနတာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က ေပ်ာက္ဆံုးသြားခဲ့တဲ့ ရြာသား ငါးဦးရဲ႕ အေလာင္းေတြကိုေတာ့ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ သတ္ျဖတ္မီး႐ိႈ႕ခံထားရတာ ရွာေဖြ ေတြ႔ရွိခဲ့ပါတယ္။ သတ္ျဖတ္ခံရသူေတြဟာ ေျမာက္ဦးၿမိဳ႕နယ္ က်ားနင္းကန္ေက်းရြာက ဦးေအးသိန္း (၃၄ ႏွစ္)၊ ဦးေမာင္စိန္ဝင္း (၃၂ ႏွစ္)၊ ေမာင္မ်ိဳးမင္းေဇာ္ (၂၃ ႏွစ္)၊ သာစည္ေက်းရြာက ေမာင္ေရႊစိုး (၂၉ ႏွစ္) နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ရန္ေအာင္ျပင္ေက်းရြာက ဦးထြန္းေရႊလွ (၆၅ ႏွစ္) တုိ႔ျဖစ္ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေအတွင်း အရပ်သား ၁၁ ဦး ပျောက်ဆုံးနေ

တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အရပ်သား ၁၁ ဦး ရှိနေပါတယ်။

ပျောက်ဆုံးနေသူတွေအနက် ရှစ်ဦးဟာ ရန်အောင်ပြင်၊ တနိုင်းခံ၊ သာစည် ကျေးရွာတွေက ဖြစ်ပြီး ကျန် သုံးဦးက စစ်ကိုင်းတိုင်းဒေသကြီးက ကုန်သည်တွေ ဖြစ်တယ်လို့ RFA သတင်းဌာနက ဖော်ပြပါတယ်။ လူ ရှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပျောက်ဆုံးသွားခဲ့တဲ့ ရွာသား ငါးဦးရဲ့ အလောင်းတွေကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သတ်ဖြတ်မီးရှို့ခံထားရတာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ မြောက်ဦးမြို့နယ် ကျားနင်းကန်ကျေးရွာက ဦးအေးသိန်း (၃၄ နှစ်)၊ ဦးမောင်စိန်ဝင်း (၃၂ နှစ်)၊ မောင်မျိုးမင်းဇော် (၂၃ နှစ်)၊ သာစည်ကျေးရွာက မောင်ရွှေစိုး (၂၉ နှစ်) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရန်အောင်ပြင်ကျေးရွာက ဦးထွန်းရွှေလှ (၆၅ နှစ်) တို့ဖြစ်ကြပါတယ်။