ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ကို အလည္အပတ္ မသြားဖို႔ စင္ကာပူႏိုင္ငံသားေတြကို သတိေပး

0
57

ပဋိပကၡေတြ ျဖစ္ပြားေနတဲ့အတြက္ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ထဲက ေနရာအမ်ားအျပားကို ခရီးသြားလာမႈ ေရွာင္က်ဥ္ၾကဖို႔ စင္ကာပူအစိုးရက သူ႔ႏိုင္ငံသားေတြကို အႀကံျပဳထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ ေမာင္ေတာ၊ မင္းျပား၊ ေျမာက္ဦး၊ ပုဏၰားကြ်န္းနဲ႔ ရေသ့ေတာင္၊ ခ်င္းျပည္နယ္ရွိ ပလက္ဝၿမိဳ႕နယ္တို႔ကို ခရီးသြားလာမႈ ေရွာင္က်ဥ္ၾကဖို႔ စင္ကာပူ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္မွာ လက္ရွိ ေရာက္ေနတဲ့၊ ဒါမွမဟုတ္ ခရီးသြားေနတဲ့ စင္ကာပူႏိုင္ငံသားေတြ အေနနဲ႔ သတိဝီရိယ ရွိဖို႔နဲ႔ တစ္ကိုယ္ရည္လံုၿခံဳေရးကို သတိရွိၾကဖို႔ ေလးေလးနက္နက္ အႀကံျပဳေၾကာင္းလည္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ေဒသတြင္း သတင္းေတြကို သိထားဖို႔နဲ႔ ေဒသအာဏာပိုင္ေတြရဲ႕ ညႊန္ၾကားခ်က္ကို လိုက္နာဖို႔၊ က်န္းမာေရး အာမခံထားဖို႔နဲ႔ မိသားစု၊ မိတ္ေဆြေတြနဲ႔ အဆက္အသြယ္ မျပတ္ဖို႔လည္း အႀကံျပဳထားပါတယ္။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို အလည်အပတ် မသွားဖို့ စင်ကာပူနိုင်ငံသားတွေကို သတိပေး


ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက နေရာအများအပြားကို ခရီးသွားလာမှု ရှောင်ကျဉ်ကြဖို့ စင်ကာပူအစိုးရက သူ့နိုင်ငံသားတွေကို အကြံပြုထားပါတယ်။


ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ကို ခရီးသွားလာမှု ရှောင်ကျဉ်ကြဖို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ရခိုင်ပြည်နယ်မှာ လက်ရှိ ရောက်နေတဲ့၊ ဒါမှမဟုတ် ခရီးသွားနေတဲ့ စင်ကာပူနိုင်ငံသားတွေ အနေနဲ့ သတိဝီရိယ ရှိဖို့နဲ့ တစ်ကိုယ်ရည်လုံခြုံရေးကို သတိရှိကြဖို့ လေးလေးနက်နက် အကြံပြုကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေသတွင်း သတင်းတွေကို သိထားဖို့နဲ့ ဒေသအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့၊ ကျန်းမာရေး အာမခံထားဖို့နဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်ဖို့လည်း အကြံပြုထားပါတယ်။