
0
5067




ရခိုင်ပြည်နယ်ကို ကူညီရေးအဖွဲ့နဲ့ မီဒီယာတွေ ဝင်ခွင့်ပေးဖို့ အမေရိကန် ပြော


ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီတွေ နေရပ်ပြန်ရေး လုံခြုံမှု စိတ်ချရအောင် လူမှုကူညီရေးအဖွဲ့တွေနဲ့ မီဒီယာတွေ ဝင်ရောက်ခွင့်ပေးဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးဆိုင်ရာ အတွင်းဝန် ဒေးဗစ်ဟေးလ်ဟာ မေလ ၁ ရက်နေ့ကနေ မေလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ ဘင်္ဂါလီ မွတ်စလင်တွေ ရခိုင်ပြည်နယ်ကို ပြန်ဖို့ စိတ်ချရမှု မရှိသေးဘူးလို့ ဒေးဗစ်ဟေးလ်က ပြောပါတယ်။


မစ္စတာ ဟေးလ်ဟာ နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်မပြန်စေရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။