
0
73




ရက်ပိုင်းအတွင်း ရီးရဲမက်ဒရစ် အသင်းက ထွက်ခွာတော့မယ့် ဂါးရတ်ဘေးလ်

ကွင်းလယ်လူ ဂါးရတ်ဘေးလ်ဟာ လာမယ့်ရက်ပိုင်းအတွင်း အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ရီးရဲမက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ကစားတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပွဲစဉ်မှာ ရီးရဲမက်ဒရစ် အသင်းက ဘေးလ်ကို ချန်လှပ်ခဲ့ပြီးနောက် နည်းပြ ဇီဒန်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိ ဘေးလ်ဟာ အသင်းကနေ မကြာမီ ပြောင်းရွှေ့တော့မှာဖြစ်ပြီး သူရဲ့ အပြောင်းအရွှေ့အတွက် လက်ရှိ လုပ်ဆောင်နေတယ်လို့ ရီးရဲမက်ဒရစ် နည်းပြက ဆိုပါတယ်။

ဘေးလ်ဟာ နည်းပြ ဇီဒန်းရဲ့ အစီစဉ်တွေထဲမှာ လူပိုတစ်ဦးဖြစ်နေပြီး အသင်းက ရောင်းချဖို့ စီစဉ်နေတယ်လို့ စပိန် သတင်းတွေက ဖော်ပြပါတယ်။