
0
38




ယူရေနီယံ ပိုမို ထုတ်လုပ်နိုင်အောင် လုပ်ဆောင်မယ်လို့ အီရန် ပြော


ယူရေနီယံ သန့်စင်ရာမှာ အသုံးပြုတဲ့ ပြွန်ချောင်းကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ အီရန် အစိုးရက ပြောပါတယ်။


အီရန်နဲ့ ကမာ့္ဘအင်အားကြီး နိုင်ငံတွေ ချုပ်ဆိုထားတဲ့ ၂၀၁၅ ခုနှစ် နျူကလီးယား စာချုပ်မှာ ယူရေနီယံ ထုတ်လုပ်မှု ပမာဏာကို ကန့်သတ်ထားပေမယ့် လက်ရှိမှာတော့ အီရန်က ကန့်သတ်မှုတွေအတိုင်း လိုက်နာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယူရေနီယံ သန့်စင်ရာမှာ လိုအပ်တဲ့အရာတွေကို လုပ်ဆောင်သွားတော့မယ်လို့ အီရန်သမ္မတ ရိုဟာနီက ပြောပါတယ်။


ယူရေနီယံ သန့်စင်မယ့် ဓာတ်ပေါင်းဖိုတွေနဲ့ နျူကလီးယား လက်နက်တွေကို လုပ်ဆောင်သွားဖွယ် ရှိပါတယ်။ အမေရိကန်က အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း အီရန်က ပေးထားတဲ့ ကတိတွေထဲက လိုက်နာရမယ့်အချက် နှစ်ချက်ကို လိုက်နာဖို့ ရပ်တန့်ခဲ့တယ်။