0
36
ယူကရိန်းမှာ အဆောက်အအုံ ပြိုကျမှု လူ ရှစ်ဦးသေ
ယူကရိန်းနိုင်ငံ အနောက်ပိုင်းရှိ လူနေတိုက်ခန်းတွဲတစ်ခု ပြိုကျမှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေ ထပ်ရှိနိုင်တယ်လို့ ယူကရိန်း အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့ညက လာဗစ်ဒေသရှိ မြို့ငယ်တစ်ခုဖြစ်တဲ့ ဒရိုဟိုဘစ်ချ်မှာ လူနေတိုက်ခန်းတွဲ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ တိုက်ခန်းတွဲ ပြိုကျမှုဟာ ဂတ်စ် ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ကနဦးတုန်းက သေဆုံးသူ တစ်ဦးရှိတယ်လို့ ကြေညာပြီးနောက် တဖြည်းဖြည်းနဲ့ လူ ရှစ်ဦးအထိ တိုးလာတာပါ။ ကူညီကယ်ဆယ်ရေး အဖွဲ့ကတော့ အခု ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးပြီလို့ ပြောပါတယ်။