ယာဥ္မေတာ္တဆမႈမွာ ကီဗင္ ဟတ္ ကံေကာင္းခဲ့တယ္လို႔ ဒြိန္း ဂြ်န္ဆင္ ေျပာ

0
35

စက္တင္ဘာလ အေစာပိုင္းက ယာဥ္မေတာ္တဆမႈမွာ ဒဏ္ရာရၿပီးေနာက္ အခု ေဆး႐ံုကေန ဆင္းခြင့္ရခဲ့တဲ့ ေဟာလိဝုဒ္ မင္းသား ကီဗင္ ဟတ္ဟာ “ကံေကာင္းတဲ့လူ” လို႔ ဒြိန္း ဂြ်န္ဆင္က ေျပာပါတယ္။

အသိမိတ္ေဆြလည္း ျဖစ္ၿပီး မၾကာခဏ ပူးတြဲသ႐ုပ္ေဆာင္ေလ့ရွိတဲ့ ဒြိန္း ဂြ်န္ဆင္ကို ေမးျမန္းခန္း တစ္ခုမွာ ေမးခဲ့ရာ ဂြ်န္ဆင္က ကီဗင္ ဟတ္ ျပန္က်န္းမာလာေၾကာင္း၊ သူ ကီဗင္နဲ႔သူ စကားေျပာခဲ့ေၾကာင္း ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ 

စက္တင္ဘာလ ၁ ရက္ေန႔ ညပိုင္းက ကီဗင္ဟတ္ အပါအဝင္ သံုးဦးလိုက္ပါလာတဲ့ ကားဟာ ေလာ့စ္အိန္ဂ်လိစ္၊  ေမာ္ဟိုးလန္း အျမန္လမ္းမွာ မေတာ္တဆမႈျဖစ္ခဲ့ၿပီး လမ္းေဘးရွိ အနက္ ၁၀ ေပရွိ ေခ်ာက္ထဲကို ထိုးက်ခဲ့လို႔ ကီဗင္ဟတ္ ဒဏ္ရာ အမ်ားအျပား ရရွိခဲ့ပါတယ္။

ယာဉ်မတော်တဆမှုမှာ ကီဗင် ဟတ် ကံကောင်းခဲ့တယ်လို့ ဒွိန်း ဂျွန်ဆင် ပြော

စက်တင်ဘာလ အစောပိုင်းက ယာဉ်မတော်တဆမှုမှာ ဒဏ်ရာရပြီးနောက် အခု ဆေးရုံကနေ ဆင်းခွင့်ရခဲ့တဲ့ ဟောလိဝုဒ် မင်းသား ကီဗင် ဟတ်ဟာ “ကံကောင်းတဲ့လူ” လို့ ဒွိန်း ဂျွန်ဆင်က ပြောပါတယ်။

အသိမိတ်ဆွေလည်း ဖြစ်ပြီး မကြာခဏ ပူးတွဲသရုပ်ဆောင်လေ့ရှိတဲ့ ဒွိန်း ဂျွန်ဆင်ကို မေးမြန်းခန်း တစ်ခုမှာ မေးခဲ့ရာ ဂျွန်ဆင်က ကီဗင် ဟတ် ပြန်ကျန်းမာလာကြောင်း၊ သူ ကီဗင်နဲ့သူ စကားပြောခဲ့ကြောင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက ကီဗင်ဟတ် အပါအဝင် သုံးဦးလိုက်ပါလာတဲ့ ကားဟာ လော့စ်အိန်ဂျလိစ်၊ မော်ဟိုးလန်း အမြန်လမ်းမှာ မတော်တဆမှုဖြစ်ခဲ့ပြီး လမ်းဘေးရှိ အနက် ၁၀ ပေရှိ ချောက်ထဲကို ထိုးကျခဲ့လို့ ကီဗင်ဟတ် ဒဏ်ရာ အများအပြား ရရှိခဲ့ပါတယ်။