မ႑ိဳင္ေလးရပ္ေတြ႕ဆံုပြဲမွာ စတုတၳမ႑ိဳင္ မရွိဘူးလို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ ေျပာ

0
71

မႏၲေလးၿမိဳ႕မွာ ျပဳလုပ္တဲ႔ မ႑ိဳင္ေလးရပ္ ေတြ႕ဆံုပြဲမွာ စတုတၳမ႑ိဳင္ မရွိဘူးလို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ကေျပာ ဆိုခဲ႔ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ ထားပါတယ္။

တိုင္းျပည္ရဲ႕ မ႑ိဳင္ေလးရပ္ျဖစ္တဲ႔ အုပ္ခ်ဳပ္ေရး ဥပေဒျပဳေရး တရားစီရင္ေရး စတုတၳမ႑ိဳင္ စတဲ႔ မ႑ိဳငိ ေလးရပ္တို႔ေတြ႔ဆံုပြဲကို မႏၲေလးၿမိဳ႕မွာ ၾသဂုတ္လ၂၃ ရက္ေန႔ကျပဳလုပ္ခဲ႔တာ ျဖစ္ပါတယ္။

အဆိုပါ ေတြ႕ဆံုပြဲမွာ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အေနနဲ႔ မ႑ိဳင္သံုးရပ္ပဲရွိၿပီး စတုတၳမ႑ိဳင္မရွိဘူးလို႔ ေျပာဆိုလိုက္တာပါ။

အင္တာဗ်ဴး ေဒါက္တာ ေဇာ္ျမင့္ေမာင္ (ဝန္ႀကီးခ်ဳပ္)

မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕

အဲ႔ဒီပြဲကို မႏၲေလး အေျခစိုက္မီဒီယာ သမား ဆယ္ဦးေက်ာ္က “လြတ္လပ္စြာ သတင္းရယူခြင့္ႏွင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသားခြင့္ ရရွိေရး “စာတန္းပါ အက်ီ ၤေတြ ဝတ္ဆင္ၿပီး သတင္းလြတ္လပ္ခြင့္အတြက္ ေတာင္းဆိုခဲ႔ၾကပါတယ္။

ဒါ့အျပင္ အခုေတြ႕ဆံုပြဲမွာ ေမွ်ာ္လင့္ထားသေလာက္ အေျဖမရရွိပဲ ၿပီးဆံုးခဲ႔တယ္လို႔ လူငယ္မီဒီယာသမားေတြက ဆိုပါတယ္။

အင္တာဗ်ဴး  ျမတ္(ကေလး)

အထက္ျမန္မာျပည္ သတင္းသမားမ်ားအဖြဲ႔

အခုေတြ႔ဆံုပြဲအေပၚ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ရဲ႕ မီဒီယာအေပၚသေဘာထားကိုလည္း သိရွိလိုက္ရေၾကာင္း အထက္ျမန္မာျပည္ သတင္းသမားမ်ားအဖြဲ႔က ေၾကညာခ်က္တစ္ေစာင္ကိုလည္း ေတြ႔ဆံုပြဲအၿပီးမွာ ထုတ္ျပန္ခဲ႔ပါတယ္။

မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲမှာ စတုတ္ထမဏ္ဍိုင် မရှိဘူးလို့ ဒေါက်တာဇော်မြင့်မောင် ပြော


မန္တလေးမြို့မှာ ပြုလုပ်တဲ့ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲမှာ စတုတ္ထမဏ္ဍိုင် မရှိဘူးလို့ ဒေါက်တာဇော်မြင့်မောင်ကပြော ဆိုခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ ထားပါတယ်။


တိုင်းပြည်ရဲ့ မဏ္ဍိုင်လေးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး စတုတ္ထမဏ္ဍိုင် စတဲ့ မဏ္ဍိုငိ လေးရပ်တို့တွေ့ဆုံပွဲကို မန္တလေးမြို့မှာ သြဂုတ်လ၂၃ ရက်နေ့ကပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တွေ့ဆုံပွဲမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ မဏ္ဍိုင်သုံးရပ်ပဲရှိပြီး စတုတ္ထမဏ္ဍိုင်မရှိဘူးလို့ ပြောဆိုလိုက်တာပါ။

အင်တာဗျူး ဒေါက်တာ ဇော်မြင့်မောင် (ဝန်ကြီးချုပ်)
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့


အဲ့ဒီပွဲကို မန္တလေး အခြေစိုက်မီဒီယာ သမား ဆယ်ဦးကျော်က “လွတ်လပ်စွာ သတင်းရယူခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရရှိရေး “စာတန်းပါ အကျီ င်္တွေ ဝတ်ဆင်ပြီး သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အခုတွေ့ဆုံပွဲမှာ မျှော်လင့်ထားသလောက် အဖြေမရရှိပဲ ပြီးဆုံးခဲ့တယ်လို့ လူငယ်မီဒီယာသမားတွေက ဆိုပါတယ်။


အင်တာဗျူး မြတ်(ကလေး)
အထက်မြန်မာပြည် သတင်းသမားများအဖွဲ့


အခုတွေ့ဆုံပွဲအပေါ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ မီဒီယာအပေါ်သဘောထားကိုလည်း သိရှိလိုက်ရကြောင်း အထက်မြန်မာပြည် သတင်းသမားများအဖွဲ့က ကြေညာချက်တစ်စောင်ကိုလည်း တွေ့ဆုံပွဲအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။