မႏၲေလး တကၠသိုလ္မွာ ဆႏၵထုတ္ေဖာ္ေနတဲ့ food court အတြက္ ပညာေရး ဝန္ႀကီးဌာနက စံုစမ္း စစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္း

0
42

မႏၲေလး တကၠသိုလ္အတြင္း စားေသာက္ဆိုင္ food court တည္ေဆာက္တာနဲ႔ ပတ္သက္ၿပီး မႏၲေလး တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက စက္တင္ဘာလ ၂ ရက္ေန႔ကေန စတင္ၿပီး ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ 

ဆႏၵထုတ္ေဖာ္ေနတဲ႔ ငါးရက္ေျမာက္ေန႔မွာေတာ့ ပညာေရးဝန္ႀကီးဌာနက ဒုတိယ ဝန္ႀကီး ဦးဝင္းေမာ္ထြန္း ဦးေဆာင္မယ့္ စံုစမ္းစစ္ေဆးေရး အဖြဲ႔သစ္ကို ဖြဲ႔စည္းလိုက္တယ္လို႔ စက္တင္ဘာလ ၅ ရက္ေန႔မွာ ထုတ္ျပန္ခဲ႔ပါတယ္။ ဆႏၵစတင္ထုတ္ ေဖာ္ခ်ိန္မွာ လူအင္အား ခုႏွစ္ေယာက္နဲ႔သာ စတင္ခဲ႔ေပမယ့္ ေနာက္ရက္ေတြမွာေတာ့ ဝန္းရံသူေတြ တစ္ေန႔ထက္တစ္ေန႔ မ်ားျပားလာခဲ႔ၿပီး လူအင္အား ၂၀၀ ေက်ာ္အထိ ရွိလာခဲ့ပါတယ္။ စံုစမ္းစစ္ေဆးဖို႔ ဖြဲ႔စည္းေပးလိုက္ေပမယ့္ သပိတ္စခန္းကိုေတာ့ ေတာင္းဆိုခ်က္ေတြ မရမျခင္း ဆက္လက္ ထားရွိသြားမယ္လို႔ သပိတ္ဦးေဆာင္ ေကာ္မတီမွ ရန္စိုးပိုင္က ေျပာပါတယ္။ 

food court ဆိုင္ပုိင္ရွင္နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုရာမွာ ေက်ာင္းသား သမဂၢကို ေခၚယူအသိေပးမႈ မရွိတာ၊ စာခ်ဳပ္မွာ ပါဝင္တဲ့ အခ်က္အလက္ေတြကုိ ခ်ျပအသိေပးမႈ မရွိတာ၊ အစည္းအေဝးေတြမွာ စာခ်ဳပ္ခ်ဳပ္ဆိုမယ့္ အခ်ိန္ကုိ ဖြင့္ဟေျပာၾကားမႈ မရွိတာနဲ႔ ေက်ာင္းသား သမဂၢက မသိလိုက္တဲ့အခ်ိန္မွာ စာခ်ဳပ္ခ်ဳပ္ခဲ့တာေတြ ျပဳလုပ္ခဲ့တယ္လို႔ သပိတ္ ဦးေဆာင္သူ တစ္ဦးျဖစ္သူ မယမင္းသူက ေျပာပါတယ္။ 

စာခ်ဳပ္မွာ လက္မွတ္ထိုးထားတာ ပါေမာကၡခ်ဳပ္နဲ႔ စီမံ ဘ႑ာ ဌာနမွဴး ပါဝင္ေၾကာင္း၊ စားေသာက္ဆုိင္ ေနရာအတြက္ အိတ္ဖြင့္တင္ဒါ ေခၚယူတာ မရွိေၾကာင္းနဲ႔ ပါေမာကၡခ်ဳပ္၊ စီမံ ဘ႑ာ ဌာနမွဴးတို႔ရဲ႕ လက္မွတ္ ႏွစ္ခုသာပါတဲ့ ၅ ႏွစ္သက္တမ္း စာခ်ဳပ္မွာ ေျမငွားရမ္းခ ပါဝင္တာမ်ဳိး မရွိဘဲ တစ္လလုံး ေရာင္းရတဲ့ ဝင္ေငြရဲ႕ ၅ ရာခိုင္ႏႈန္းကိုသာ ယူထားေၾကာင္းလည္း မယမင္းသူက ေျပာပါတယ္။

မန္တလေး တက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်နေတဲ့ food court အတွက် ပညာရေး ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း


မန္တလေး တက္ကသိုလ်အတွင်း စားသောက်ဆိုင် food court တည်ဆောက်တာနဲ့ ပတ်သက်ပြီး မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂက စက်တင်ဘာလ ၂ ရက်နေ့ကနေ စတင်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


ဆန္ဒထုတ်ဖော်နေတဲ့ ငါးရက်မြောက်နေ့မှာတော့ ပညာရေးဝန်ကြီးဌာနက ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်မယ့် စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်တယ်လို့ စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒစတင်ထုတ် ဖော်ချိန်မှာ လူအင်အား ခုနှစ်ယောက်နဲ့သာ စတင်ခဲ့ပေမယ့် နောက်ရက်တွေမှာတော့ ဝန်းရံသူတွေ တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့ပြီး လူအင်အား ၂၀ဝ ကျော်အထိ ရှိလာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းပေးလိုက်ပေမယ့် သပိတ်စခန်းကိုတော့ တောင်းဆိုချက်တွေ မရမခြင်း ဆက်လက် ထားရှိသွားမယ်လို့ သပိတ်ဦးဆောင် ကော်မတီမှ ရန်စိုးပိုင်က ပြောပါတယ်။


food court ဆိုင်ပိုင်ရှင်နဲ့ စာချုပ် ချုပ်ဆိုရာမှာ ကျောင်းသား သမဂ္ဂကို ခေါ်ယူအသိပေးမှု မရှိတာ၊ စာချုပ်မှာ ပါဝင်တဲ့ အချက်အလက်တွေကို ချပြအသိပေးမှု မရှိတာ၊ အစည်းအဝေးတွေမှာ စာချုပ်ချုပ်ဆိုမယ့် အချိန်ကို ဖွင့်ဟပြောကြားမှု မရှိတာနဲ့ ကျောင်းသား သမဂ္ဂက မသိလိုက်တဲ့အချိန်မှာ စာချုပ်ချုပ်ခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ သပိတ် ဦးဆောင်သူ တစ်ဦးဖြစ်သူ မယမင်းသူက ပြောပါတယ်။


စာချုပ်မှာ လက်မှတ်ထိုးထားတာ ပါမောက္ခချုပ်နဲ့ စီမံ ဘဏ္ဍာ ဌာနမှူး ပါဝင်ကြောင်း၊ စားသောက်ဆိုင် နေရာအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူတာ မရှိကြောင်းနဲ့ ပါမောက္ခချုပ်၊ စီမံ ဘဏ္ဍာ ဌာနမှူးတို့ရဲ့ လက်မှတ် နှစ်ခုသာပါတဲ့ ၅ နှစ်သက်တမ်း စာချုပ်မှာ မြေငှားရမ်းခ ပါဝင်တာမျိုး မရှိဘဲ တစ်လလုံး ရောင်းရတဲ့ ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ ယူထားကြောင်းလည်း မယမင်းသူက ပြောပါတယ်။