0
52
အင်တာဗျူး မဌေးဌေးမာ
မန္တလေး မီကိုကော်ဖီမစ် စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ဆန္ဒထုတ်ဖော်
မီကို ကော်ဖီမစ် စက်ရုံကနေ အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမားတွေအတွက် အလုပ်သမား တစ်ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက မီကို ကော်ဖီမစ် စက်ရုံက နေ အလုပ်သမားလေးဦးကို အလုပ်ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ကြီး အလုပ်သမားတစ်ရာကျော် အဲ့ဒီစက်ရုံရှေ့မှာ စက်တင်ဘာ ၁၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ထုတ်ပယ်ခံရတဲ့ အလုပ်သမားလေးဦး အလုပ်ပြန်လည်ရရှိဖို့ အလုပ်သမား ဥပဒေချိုးဖောက်သူတွေကို အရေးယူပေးဖို့ အခုအငြင်းပွားမှုကို အလုပ်သမားဝန်ကြီးငှာနက အမြန်ဆုံးဖြေရှင်းပေးဖို့ စတာတွေ အပါအဝင် အချက်၆ချက်ကို တောင်းဆိုခဲ့ကြတာပါ။
အင်တာဗျူး မဌေးဌေးမာ
အလုပ်ထုတ်ပယ်ခံထားရသူ
အခုဆန္ဒထုတ်ဖော်မှုကို မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကနေ ဦးဆောင်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သမားအသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဥပဒေပါ အခွင့်အရေးတွေကို တာင်းဆိုတဲ့အခါ မှာလည်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ ဆိုပါတယ်။
အင်တာဗျူး ဦးမင်းသက်ထွေး (အလုပ်အမှုဆောင်)
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်
အခုအလုပ်ထုတ်ပယ်ခံရတဲ့ ကိစ္စမှာ တစ်နှစ်နီးပါးကြာတဲ့အထိ မပြေလည်သေးတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ အငြင်းပွားမှုတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။