
0
27

မန္တလေးမြို့မှာ ပထမဆုံးအကြိမ် မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမယ့် ကျောက်မျက်ပြပွဲ ကျင်းပသွားဖို့ရှိပါတယ် ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဥာဏ်လင်းထူးကပေးပို့ထားပါတယ်။










မန္တလေးမြို့မှာ မြန်မာကျပ်ငွေနဲ့ရောင်းချပေးမယ့် ကျောက်မျက်ပြပွဲ ကျင်းပမယ်


မန္တလေးမြို့မှာ ပထမဆုံးအကြိမ် မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမယ့် ကျောက်မျက်ပြပွဲ ကျင်းပသွားဖို့ရှိပါတယ် ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။


မန္တလေးမြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ်မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမယ့်ကျောက်မျက်ပြပွဲကို အောက်တိုဘာလ အတွင်းမှာ ကျင်းပသွားဖို့ရှိပါတယ်။
အဲ့ဒီ ကျောက်မျက်ပြပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဦးဆောင်ကျင်းပသွားမှာ ဖြစ်ပြီး ကျောက်စိမ်းလုပ်ကိုင်နေသူတွေ ပိုမိုအဆင်ပြေစေဖို့ ရည်ရွယ် ကျင်းပတာဖြစ်ပါတယ်။


အင်တာဗျူး ဦးအောင်ဝင်းဦး အတွင်းရေးမှူး ၃
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)


နိုင်ငံတော်ကကျင်းပတဲ့ နေပြည်တော်ကပွဲတွေမှာ အကန့်အသတ်နဲ့သာ ရောင်းချခွင့် ရတဲ့အတွက် မန္တလေးမြို့မှာ ထပ်မံပြုလုပ်တာဖြစ်ပြီး မန္တလေးက ဝယ်လက်တွေလည်း ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
အဲ့ဒီ ကျောက်မျက်ပြပွဲကို မန္တလေးကွန်ဗင်းရှင်းစင်တာမှာ အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပသွား မှာဖြစ်ပြီး၊ ဘယ်နှစ်ရက်ကြာ ပြသသွားမယ်ဆိုတာကိုတော့ စီစဉ်နေကြဆဲဖြစ်ပါတယ်။


အင်တာဗျူး ဦးအောင်ဝင်းဦး အတွင်းရေးမှူး ၃
မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း(မန္တေလေးတိုင်းဒေသကြီး)


အဲ့ဒီ ကျောက်မျက်ပြပွဲမှာကျောက်စိမ်းအရိုင်းဖြတ်သားတွေ၊ ကျောက်စိမ်းအချေားထည်တွေ၊ ကျောက်စိမ်း လက်ဝတ်ရတနာပစ္စည်းတွေကို ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။