
0
87




မန္တလေးမြို့က ၃၈ လမ်းကို “ အောင်ဆန်းစုကြည်” လမ်းအဖြစ် ပြောင်းလဲ သတ်မှတ်


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှာ အသစ်ဖောက်လုပ်ခဲ့တဲ့ ၃၈ လမ်းကို “အောင်ဆန်းစုကြည်” လမ်းအဖြစ် သတ်မှတ်တော့မှာ ဖြစ်ပါတယ်။


ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ မှာ မွေးနေ့လက်ဆောင်အဖြစ် အမည်ပေး ဖွင့်လှစ်မှာဖြစ်ပါတယ်။


ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံမှာ လူပုဂ္ဂိုလ် ၇၄၀ က ဇွန်လ ၁၉ ရက်နေ့ မနက် ၇ နာရီ ၄၀ မိနစ်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ပုံဖော်သွားမှာလည်း ဖြစ်ပါတယ်။